သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလစ်စတစ်စား မှိုတမျိုး တရုတ်ကမ်းရိုးတန်းဒေသမှာ တွေ့ရှိ


ပလစ်စတစ်စား မှိုတမျိုး တရုတ်ကမ်းရိုးတန်းဒေသမှာ တွေ့ရှိ

တရုတ်နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ပင်လယ်ဆားငံရေ ၀င်ရောက်လေ့ရှိတဲ့ ကမ်းရိုးတန်း မြက်ခင်းပြင်ဧရိယာတွေမှာ ပလတ်စတစ်တွေကို စားတဲ့ မှိုတမျိုး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့တဖွဲ့က တရုတ်ကမ်းရိုးတန်း ဆားနယ်ဒေသတွေမှာ ပလတ်စတစ်စားတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအတွက် ဖြစ်နိုင်ခြေအသစ်တွေရှိနိုင်တယ်လို့ ကြာသပတေးနေ့ကထုတ်ပြန်လိုက်တဲ့ လေ့လာမှုတစ်ခုမှာဖော်ပြထားတာပါ။

တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်မှာရှိတဲ့ မှို ၁၈၄ မျိုးနဲ့ ဘက်တီးရီးယား ပိုးမျိုးကွဲ ၅၅ မျိုးတို့ဟာ ပလတ်စတစ်တွေကို စားနိုင်တယ်လို့ ဗြိတိန်က တော်ဝင် ရုက္ခဗေဒ ဥယျာဥ် ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် မေလတုန်းက တရုတ်နဲ့ ဗြိတိန်နိုင်ငံ တွေက သုတေသီတွေဟာ ပင်လယ်ဝါကမ်းရိုးတန်းအနီး၊ ယူနက်စကိုက ကာကွယ်ထားတဲ့ Dafeng (ဒဖိန်း)ခရိုင်မှ အဏုဇီဝရုပ်တွေကို နမူနာယူပြီးလေ့လာခဲ့ကြပါတယ်။

ဒီလေ့လာမှုမှာ ကမ်းရိုးတန်း ပလတ်စတစ်အပျက်အစီးတွေ ရှိနေတာနဲ့အတူ လူလုပ် ဂေဟစနစ်လို့ခေါ်တဲ့ “ကုန်းမြေ ပလပ်စတစ်စဖီးယား" ကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ပလတ်စတစ်ညစ်ညမ်းမှု၊ ဒီရေမြင့်တက်မှုအပါအဝင် ခေတ်သစ်ခေတ်ရဲ့ အပြင်းထန်ဆုံးစိန်ခေါ်မှုအချို့ကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးဖို့အတွက် မှိုနဲ့ ဘက်တီးရီးယားတွေလိုမျိုး အဏုဇီဝသက်ရှိတွေကို ပိုပြီးလေ့လာနေကြတာပါ။

တွေ့ရှိချက်အသစ်အရ လက်ရှိ အချိန်အထိ ပလတ်စတစ်ကို ဖြိုခွဲနိုင်တဲ့ မှိုနဲ့ ဘက်တီးရီးယားမျိုးစိတ်ပေါင်း ၄၃၆ မျိုးရှိပြီး ပလတ်စတစ်ကို ဖျက်ဆီးနိုင်သော အဏုဇီဝသက်ရှိများကို လေ့လာမှုတွေမှာ အထောက်အကူပြုတယ်လို့ သိရပါတယ်။

ပလစ်စတစ်စား မှိုတမျိုး တရုတ်ကမ်းရိုးတန်းဒေသမှာ တွေ့ရှိ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG