သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္တြင္း အမႈိက္ရွင္းလင္းေရး စိန္ေခၚခ်က္ 


Institute of Global Environmental Strategies (IGES) နဲ႔ သန္႔ျမန္မာတုိ႔ပူးတြဲျပဳစုထားတဲ့ Digging Through ဆိုတဲ့ ၂၀၂၀ ခုႏွစ္ထုတ္ မူ၀ါဒေရးရာ အစီရင္ခံစာအရ ႏုိင္ငံတ၀ွမ္း လက္လွမ္းမီသမ ွ် ျပဳစုထားတဲ့ ေဒတာအခ်က္အလက္ေတြ အရဆိုရင္  ျမန္မာႏုိင္ငံမွာ တရက္ကို အမႈိက္တန္ခ်ိန္ ၉ ေထာင္ေလာက္ထြက္ရွိေနပါတယ္။

{{Zawgyi/Unicode}}
Institute of Global Environmental Strategies (IGES) နဲ႔ သန္႔ျမန္မာတုိ႔ပူးတြဲျပဳစုထားတဲ့ Digging Through ဆိုတဲ့ ၂၀၂၀ ခုႏွစ္ထုတ္ မူ၀ါဒေရးရာ အစီရင္ခံစာအရ ႏုိင္ငံတ၀ွမ္း လက္လွမ္းမီသမ ွ် ျပဳစုထားတဲ့ ေဒတာအခ်က္အလက္ေတြ အရဆိုရင္ ျမန္မာႏုိင္ငံမွာ တရက္ကို အမႈိက္တန္ခ်ိန္ ၉ ေထာင္ေလာက္ထြက္ရွိေနပါတယ္။ ဒီလိုကိစၥေတြကို စနစ္တက် စီမံခန္႔ခြဲႏုိင္ဖို႔ စိန္ေခၚခ်က္ေတြရွိေနတယ္လို္႔လည္း ေဖာ္ျပထားပါတယ္။ နန္းေလာင္၀္က စုံစမ္းေမးျမန္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာမသိမ္းခင္ အရပ္သားအစိုးရ လက္ထက္တုန္းကေတာ့ အမႈိက္ျပႆနာကုိ မူ၀ါဒခ်မွတ္ၿပီး ေဆာင္ရြက္ဖုိ႔ ၾကိဳးပမ္းခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပည္သူလူထုကပါ တတ္အားသမ ွ် ပူးေပါင္းပါ၀င္တာေတြ ေတြ႔ခဲ့ရေပမယ့္ တႏုိင္ငံလုံးအတုိင္းအတာအရေရာ ၊ ၿမိဳ႔အလုိက္ေက်းရြာအလိုက္ လိုအပ္ခ်က္ေတြ အေတာ္မ်ားမ်ားရွိခဲ့ပါတယ္။ အမႈိက္စီမံခန္႔ခြဲတဲ့ေနရာမွာ နည္းပညာပိုင္းအရေရာ၊ လူမႈေရးနဲ႔ စီးပြါးေရးတင္မက အဖြဲ႔အစည္းအလုိက္ပါ ကန္႔သတ္ခ်က္၊ စိန္ေခၚခ်က္အမ်ိဳးမ်ိဳး ရွိေနခဲ့တာျဖစ္ပါတယ္။

စစ္အာဏာ မသိမ္းခင္ကေတာ့ ရန္ကုန္၊ မႏၱေလး အပါအ၀င္ ၿမိဳ႔ႀကီးအေတာ္မ်ားမ်ားမွာ လူငယ္ေတြဦးေဆာင္တဲ့ အမႈိက္ရွင္းလင္းေရး အဖြဲ႔အစည္းအေတာ္မ်ားမ်ားေပၚလာခဲ့ပါတယ္။ သဘာ၀ပတ္၀န္းက်င္ နဲ႔ လုိက္ေလ ွ်ာညီေထြျဖစ္မယ့္ ပစၥည္းအသုံးအေဆာင္ေတြ၊ လက္မႈလုပ္ငန္းေတြလည္း အလ ွ်ိဳလ ွ်ိဳေပၚလာခဲ့တာပါ။ ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္က အမႈိက္သိမ္းဆည္းေရး ပုဂၢလိက လုပ္ငန္းတခုမွာ ပါ၀င္ေဆာင္ရြက္ခဲ့တဲ့ သဘာ၀ပတ္၀န္းက်င္ေရးရာအႀကံေပးတဦးျဖစ္သူ Jaume Marques က ဗြီအိုေအကို ခုလိုေျပာပါတယ္။

“က်ေနာ့္အေတြ႔အႀကဳံအရ ေျပာရရင္ စြန္႔ပစ္မယ့္ ပစၥည္းေတြ ျပန္လည္အသုံးခ်လို႔ရတယ္ဆိုတာ သတိျပဳလာၾကတာေတြ႔ရပါတယ္။ အမႈိက္ေတြက သဘာ၀ပတ္၀န္းက်င္အတြက္ ဘယ္ေလာက္ဆိုးရြား ေနသလဲဆိုတာမ်ိဳး၊ ေနာက္ၿပီး ရန္ကုန္က စြန္႔ပစ္ အမႈိက္ေတြေနာက္ဆုံး ျမစ္ေတြ ေခ်ာင္းေတြ ထဲထိ ေရာက္သြားမယ္ဆိုတာ သိလာၾကတာေတြ႔ရပါတယ္။ လူငယ္လူရြယ္ေတြၾကားမွာေတာ့ ပိုအားစရာေကာင္းပါတယ္။ ဥပမာ အခ်ဳိရည္ေသာက္တဲ့ ပိုက္ေတြ၊ ပလပ္စတစ္ထုပ္ပိုးပစၥည္းေတြေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းရတယ္၊ ဒါကိုျပဳျပင္ေျပာင္းလဲမႈ လုပ္ရမယ္ဆိုတာ ေကာင္းေကာင္းသေဘာေပါက္လာၾကပါၿပီ”

ျမန္မာႏုိင္ငံထဲက ပလပ္စတစ္ ညစ္ညမ္းမႈအေရး Fauna and Flora International (FFI) နဲ႔ သန္႔ျမန္မာတို႔ပူးေပါင္းၿပီးကြင္းဆင္းေလ့လာခ်က္အရ ဧရာ၀တီျမစ္ထဲ ေန႔စဥ္၀င္ေရာက္လာတဲ့ ပလပ္စတစ္အမႈိက္တန္ခ်ိန္ ၁၁၉ တန္၀န္းက်င္ ရွိပါတယ္။ ဧရာ၀တီအထက္ပိုင္းနဲ႔ ဧရာ၀တီေအာက္ပုိင္းေဒသေတြမွာေတာ့ ေန႔စဥ္ ပလစ္စတစ္အမႈိက္ တန္ခ်ိန္ ၉၀ ေလာက္ထြက္ေနၿပီးလူဦးေရ ၅ သန္းခြဲေလာက္ရွိတဲ့ ရန္ကုန္ကေတာ့ တရက္ကို ပလပ္စတစ္အမႈိက္ ၂၉ တန္ထြက္ေနတာပါ။ ျမစ္ေတြထဲမွာ ေတြ႔ရတဲ့ ပလပ္စတစ္အမႈိက္အမ်ားစုဟာ ပလပ္စတစ္ အမႈိက္ စီမံခန္႔ခြဲမႈ မွားယြင္းတာေၾကာင့္ ျဖစ္တယ္လို႔လည္း ေထာက္ျပေနၾကတာပါ။

ခုလို စနစ္တက် အမႈိက္စြန္႔ပစ္တဲ့ စနစ္အေကာင္အထည္မေဖာ္ႏုိင္ေသးတဲ့ျမန္မာႏုိင္ငံမွာ လူေနအိမ္ေတြကေရာ စက္ရုံအလုပ္႐ုံနဲ႔ ဟုိတယ္ႀကီးေတြလိုလုပ္ငန္းမ်ိဳးစုံက ေန႔စဥ္ထြက္လာေနတဲ့ အမႈိက္ ၂၈% ေလာက္က သဘာ၀ပတ္၀န္းက်င္နဲ႔ ေခ်ာင္းေတြေျမာင္းေတြထဲေရာက္ကုန္တယ္လို႔လည္း ကၽြမ္းက်င္းသူေတြက ေျပာပါတယ္။ ျမန္မာႏုိ္င္ငံေက်းလက္ေဒသေတြမွာေတာ့ စြန္႔ပစ္အမႈိက္ေတြကို မီး႐ိႈ႔ဖ်က္ဆီးၾကတာမ်ားပါတယ္။

ျမန္မာႏုိင္ငံတ၀န္းမွာ အမႈိက္ တန္ခ်ိန္ ဘယ္ေလာက္ထြက္ေနသလဲဆိုတာ တိက်ခိုင္မာတဲ့ ေဒတာအခ်က္အလက္ေတြေတာ့ မရႏုိင္ေသးပါဘူး။ အရွိန္ရစျပဳေနတဲ့ ျမန္မာ့သဘာ၀ပတ္၀န္းက်င္အေရးလႈပ္ရွားမႈေတြလည္း စစ္အာဏာသိမ္းမႈေၾကာင့္ ေနာက္တန္းေရာက္သြားျပန္တယ္လို႔ Jaume ကေျပာပါတယ္။

“ လက္ရွိႏုိင္ငံေရးအေျခအေနအရ သဘာ၀ပတ္၀န္းက်င္ေရးလႈပ္ရွားမႈေတြ လုံး၀မျဖစ္ႏုိင္ေတာ့ပါဘူး။ သဘာ၀ပတ္၀န္းက်င္ေရးရာကလည္း ဒုတိယေနရာကိုေရာက္သြားပါၿပီ။ ကိုယ္တုိင္ေရာ ကိုယ့္မိသာစုရဲ ႔ လုံၿခဳံေရးနဲ႔ အသက္ရွင္သန္ရပ္တည္ေရးက ပထမဦးစားေပးျဖစ္သြားပါၿပီ ။ သဘာ၀ပတ္၀န္းက်င္အေရးလႈပ္ရွားမယ္၊ သဘာ၀ေဘးအႏၱာရယ္ေတြအေၾကာင္းပဲ အသိပညာေပးတာမ်ိဳးပဲ လုပ္မယ္ဆိုရင္ေတာင္ စစ္အာဏာရွင္ကေတာ့ တက္ၾကြလႈပ္ရွားသူအျဖစ္နဲ႔ပဲ ျမင္မွာပါ။ ဒါက ကိုု္ယ့္ကိုယ္ကိုယ္ အႏၱရာယ္က်ေအာင္လုပ္တာလည္းျဖစ္ပါတယ္။”

ပလပ္စတစ္အပါအ၀င္ အမႈိက္သရိုက္မ်ိဳးစုံေၾကာင့္ လူ႔ပတ္၀န္းက်င္ကိုေရာ သဘာ၀ပတ္၀န္းက်င္ကိုပါ ထိခိုက္လာေနတာျဖစ္ပါတယ္။ ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ေဒသတြင္းႏုိင္ငံေတြမွာေတာ့ သဘာ၀ပတ္၀န္းက်င္ေရး အင္တုိက္အားတုိက္လုပ္ကို္င္ ေနၾကတာကို အားတက္စဖြယ္ ေတြ႔ရတယ္လို႔လည္း Jaume ကေျပာပါတယ္။

“ က်ေနာ္ခုေရာက္ေနတဲ့ Hanoi မွာေတာ့ သူ႔နည္းသူ႔ဟန္နဲ႔ အမႈိက္သိမ္းၾကတာအေတာ္မ်ားမ်ားေတြ႔ရပါတယ္။ စြန္႔ပစ္ပစၥည္း ျပန္လည္အသုံးခ်တဲ့ က႑ေတြလေည္းေတြ႔ရပါတယ္။ ေနာက္ၿပီး သေဘာ၀ပတ္၀န္းက်င္နဲ႔ လုိက္ေလ ွ်ာညီေထြရွိမယ့္ ၀န္ေဆာင္မႈ၊ အသုံးအေဆာင္ပစၥည္းေတြလည္း အေတာ္ေရပန္းစားလာပါတယ္။ Clean up သန္႔ရွင္းေရးလႈပ္ရွားမႈေတြ၊ အမႈိက္ေလ ွ်ာ့ခ်ေအာင္ တုိ္က္တြန္းတဲ့လႈပ္ရွားမႈေတြ လုပ္ကုိင္ေနၾကပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေရွ႔ဆက္လုပ္စရာအမ်ားႀကီးရီိပါေသးတယ္။ ျမစ္ေတြေခ်ာင္းေတြ ကန္ေတြမွာ ပလပ္စတစ္အမႈိက္ေတြ အမ်ားႀကီးေတြ႔ေနပါေသးတယ္။ ဒီက႑မွာ လက္တြဲေဆာင္ရြက္တဲ့အဖြဲ႔အစည္းေတြလည္း အေတာ့္ကိုနည္းေနပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္လည္း ပလစ္စတစ္အမႈိက္ ေတြပိုထြက္တာတာပါ။ ပလပ္စတစ္အမႈိက္ျပသနာကို ေျဖရွင္းဖို႔နည္းလမ္းေပါင္းစုံက်ိဳးစားေနေၾကေပမယ့္ လုပ္ကိုင္စရာေတာ့ အမ်ားႀကီးရွိေနပါေသးတယ္။"

ျမန္မာႏုိင္ငံက စြန္႔ပစ္အမႈိက္စီမံခန္႔ခြဲေရးကို ေစာင့္ၾကည့္ေလ့လာေနၾကတဲ့ ပညာရွင္ေတြ၊ အဖြဲ႔အစည္းေတြရဲ ႔အဆိုအရ အမႈိက္ကိစၥကို အစိုးရပိုင္းက မူ၀ါဒေတြေသခ်ာေရးဆြဲခ်မွတ္ေဆာင္ရြက္ဖို႔လိုသလို၊ ႏုိင္ငံတ၀န္းလုံးက ၿမိဳ႔နယ္၊ ရပ္ကြက္နဲ႔ ေက်းရြာအလုိက္ ကိုယ္စီတာ၀န္ယူေဆာင္ရြက္ဖို႔လိုေၾကာင္း ေထာက္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်တွင်း အမှိုက်ရှင်းလင်းရေး စိန်ခေါ်ချက်

Institute of Global Environmental Strategies (IGES) နဲ့ သန့်မြန်မာတို့ပူးတွဲပြုစုထားတဲ့ Digging Through ဆိုတဲ့ ၂၀၂၀ ခုနှစ်ထုတ် မူဝါဒရေးရာ အစီရင်ခံစာအရ နိုင်ငံတဝှမ်း လက်လှမ်းမီသမ ျှ ပြုစုထားတဲ့ ဒေတာအချက်အလက်တွေ အရဆိုရင် မြန်မာနိုင်ငံမှာ တရက်ကို အမှိုက်တန်ချိန် ၉ ထောင်လောက်ထွက်ရှိနေပါတယ်။ ဒီလိုကိစ္စတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ စိန်ခေါ်ချက်တွေရှိနေတယ်လို့်လည်း ဖော်ပြထားပါတယ်။ နန်းလောင်ဝ်က စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက်တုန်းကတော့ အမှိုက်ပြဿနာကို မူဝါဒချမှတ်ပြီး ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုကပါ တတ်အားသမ ျှ ပူးပေါင်းပါဝင်တာတွေ တွေ့ခဲ့ရပေမယ့် တနိုင်ငံလုံးအတိုင်းအတာအရရော ၊ မြို့အလိုက်ကျေးရွာအလိုက် လိုအပ်ချက်တွေ အတော်များများရှိခဲ့ပါတယ်။ အမှိုက်စီမံခန့်ခွဲတဲ့နေရာမှာ နည်းပညာပိုင်းအရရော၊ လူမှုရေးနဲ့ စီးပွါးရေးတင်မက အဖွဲ့အစည်းအလိုက်ပါ ကန့်သတ်ချက်၊ စိန်ခေါ်ချက်အမျိုးမျိုး ရှိနေခဲ့တာဖြစ်ပါတယ်။

စစ်အာဏာ မသိမ်းခင်ကတော့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအတော်များများမှာ လူငယ်တွေဦးဆောင်တဲ့ အမှိုက်ရှင်းလင်းရေး အဖွဲ့အစည်းအတော်များများပေါ်လာခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် နဲ့ လိုက်လေ ျှာညီထွေဖြစ်မယ့် ပစ္စည်းအသုံးအဆောင်တွေ၊ လက်မှုလုပ်ငန်းတွေလည်း အလ ျှိုလ ျှိုပေါ်လာခဲ့တာပါ။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က အမှိုက်သိမ်းဆည်းရေး ပုဂ္ဂလိက လုပ်ငန်းတခုမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာအကြံပေးတဦးဖြစ်သူ Jaume Marques က ဗွီအိုအေကို ခုလိုပြောပါတယ်။

“ကျနော့်အတွေ့အကြုံအရ ပြောရရင် စွန့်ပစ်မယ့် ပစ္စည်းတွေ ပြန်လည်အသုံးချလို့ရတယ်ဆိုတာ သတိပြုလာကြတာတွေ့ရပါတယ်။ အမှိုက်တွေက သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လောက်ဆိုးရွား နေသလဲဆိုတာမျိုး၊ နောက်ပြီး ရန်ကုန်က စွန့်ပစ် အမှိုက်တွေနောက်ဆုံး မြစ်တွေ ချောင်းတွေ ထဲထိ ရောက်သွားမယ်ဆိုတာ သိလာကြတာတွေ့ရပါတယ်။ လူငယ်လူရွယ်တွေကြားမှာတော့ ပိုအားစရာကောင်းပါတယ်။ ဥပမာ အချိုရည်သောက်တဲ့ ပိုက်တွေ၊ ပလပ်စတစ်ထုပ်ပိုးပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းရတယ်၊ ဒါကိုပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်လာကြပါပြီ”

မြန်မာနိုင်ငံထဲက ပလပ်စတစ် ညစ်ညမ်းမှုအရေး Fauna and Flora International (FFI) နဲ့ သန့်မြန်မာတို့ပူးပေါင်းပြီးကွင်းဆင်းလေ့လာချက်အရ ဧရာဝတီမြစ်ထဲ နေ့စဉ်ဝင်ရောက်လာတဲ့ ပလပ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ဝန်းကျင် ရှိပါတယ်။ ဧရာဝတီအထက်ပိုင်းနဲ့ ဧရာဝတီအောက်ပိုင်းဒေသတွေမှာတော့ နေ့စဉ် ပလစ်စတစ်အမှိုက် တန်ချိန် ၉၀ လောက်ထွက်နေပြီးလူဦးရေ ၅ သန်းခွဲလောက်ရှိတဲ့ ရန်ကုန်ကတော့ တရက်ကို ပလပ်စတစ်အမှိုက် ၂၉ တန်ထွက်နေတာပါ။ မြစ်တွေထဲမှာ တွေ့ရတဲ့ ပလပ်စတစ်အမှိုက်အများစုဟာ ပလပ်စတစ် အမှိုက် စီမံခန့်ခွဲမှု မှားယွင်းတာကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြနေကြတာပါ။

ခုလို စနစ်တကျ အမှိုက်စွန့်ပစ်တဲ့ စနစ်အကောင်အထည်မဖော်နိုင်သေးတဲ့မြန်မာနိုင်ငံမှာ လူနေအိမ်တွေကရော စက်ရုံအလုပ်ရုံနဲ့ ဟိုတယ်ကြီးတွေလိုလုပ်ငန်းမျိုးစုံက နေ့စဉ်ထွက်လာနေတဲ့ အမှိုက် ၂၈% လောက်က သဘာဝပတ်ဝန်းကျင်နဲ့ ချောင်းတွေမြောင်းတွေထဲရောက်ကုန်တယ်လို့လည်း ကျွမ်းကျင်းသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံကျေးလက်ဒေသတွေမှာတော့ စွန့်ပစ်အမှိုက်တွေကို မီးရှို့ဖျက်ဆီးကြတာများပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အမှိုက် တန်ချိန် ဘယ်လောက်ထွက်နေသလဲဆိုတာ တိကျခိုင်မာတဲ့ ဒေတာအချက်အလက်တွေတော့ မရနိုင်သေးပါဘူး။ အရှိန်ရစပြုနေတဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုတွေလည်း စစ်အာဏာသိမ်းမှုကြောင့် နောက်တန်းရောက်သွားပြန်တယ်လို့ Jaume ကပြောပါတယ်။

“ လက်ရှိနိုင်ငံရေးအခြေအနေအရ သဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားမှုတွေ လုံးဝမဖြစ်နိုင်တော့ပါဘူး။ သဘာဝပတ်ဝန်းကျင်ရေးရာကလည်း ဒုတိယနေရာကိုရောက်သွားပါပြီ။ ကိုယ်တိုင်ရော ကိုယ့်မိသာစုရဲ့ လုံခြုံရေးနဲ့ အသက်ရှင်သန်ရပ်တည်ရေးက ပထမဦးစားပေးဖြစ်သွားပါပြီ ။ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမယ်၊ သဘာဝဘေးအန္တာရယ်တွေအကြောင်းပဲ အသိပညာပေးတာမျိုးပဲ လုပ်မယ်ဆိုရင်တောင် စစ်အာဏာရှင်ကတော့ တက်ကြွလှုပ်ရှားသူအဖြစ်နဲ့ပဲ မြင်မှာပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကျအောင်လုပ်တာလည်းဖြစ်ပါတယ်။”

ပလပ်စတစ်အပါအဝင် အမှိုက်သရိုက်မျိုးစုံကြောင့် လူ့ပတ်ဝန်းကျင်ကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်လာနေတာဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာတော့ သဘာဝပတ်ဝန်းကျင်ရေး အင်တိုက်အားတိုက်လုပ်ကိုင် နေကြတာကို အားတက်စဖွယ် တွေ့ရတယ်လို့လည်း Jaume ကပြောပါတယ်။

“ ကျနော်ခုရောက်နေတဲ့ Hanoi မှာတော့ သူ့နည်းသူ့ဟန်နဲ့ အမှိုက်သိမ်းကြတာအတော်များများတွေ့ရပါတယ်။ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချတဲ့ ကဏ္ဍတွေလညေ်းတွေ့ရပါတယ်။ နောက်ပြီး သဘောဝပတ်ဝန်းကျင်နဲ့ လိုက်လေ ျှာညီထွေရှိမယ့် ဝန်ဆောင်မှု၊ အသုံးအဆောင်ပစ္စည်းတွေလည်း အတော်ရေပန်းစားလာပါတယ်။ Clean up သန့်ရှင်းရေးလှုပ်ရှားမှုတွေ၊ အမှိုက်လေ ျှာ့ချအောင် တိုက်တွန်းတဲ့လှုပ်ရှားမှုတွေ လုပ်ကိုင်နေကြပါတယ်။ ဒါပေမယ့် ကျနော်တို့ ရှေ့ဆက်လုပ်စရာအများကြီးရီပါသေးတယ်။ မြစ်တွေချောင်းတွေ ကန်တွေမှာ ပလပ်စတစ်အမှိုက်တွေ အများကြီးတွေ့နေပါသေးတယ်။ ဒီကဏ္ဍမှာ လက်တွဲဆောင်ရွက်တဲ့အဖွဲ့အစည်းတွေလည်း အတော့်ကိုနည်းနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့်လည်း ပလစ်စတစ်အမှိုက် တွေပိုထွက်တာတာပါ။ ပလပ်စတစ်အမှိုက်ပြသနာကို ဖြေရှင်းဖို့နည်းလမ်းပေါင်းစုံကျိုးစားနေကြေပေမယ့် လုပ်ကိုင်စရာတော့ အများကြီးရှိနေပါသေးတယ်။"

မြန်မာနိုင်ငံက စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးကို စောင့်ကြည့်လေ့လာနေကြတဲ့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့အဆိုအရ အမှိုက်ကိစ္စကို အစိုးရပိုင်းက မူဝါဒတွေသေချာရေးဆွဲချမှတ်ဆောင်ရွက်ဖို့လိုသလို၊ နိုင်ငံတဝန်းလုံးက မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအလိုက် ကိုယ်စီတာဝန်ယူဆောင်ရွက်ဖို့လိုကြောင်း ထောက်ပြကြပါတယ်။

XS
SM
MD
LG