သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Arabsat အတွက် ဆက်သွယ်ရေးဂြိုလ်တု SpaceX လွှတ်တင်


A SpaceX Falcon Heavy rocket, carrying the Arabsat 6A communications satellite, lifts off from the Kennedy...

Arabsat အတွက် ဆက်သွယ်ရေးဂြိုလ်တု SpaceX လွှတ်တင်

အရှေ့အလယ်ပိုင်း ဒေသတလွှား ရုပ်သံနဲ့ ဗီဒီယိုထုတ်လွှင့်ပေးနေတဲ့ ဆော်ဒီအာရေဗျ အခြေစိုက် Arabsat ကုမ္ပဏီ အတွက် ရေဒီယို၊ တယ်လီဖုံး ကြေးနန်း ဆက်သွယ်ရေး ဂြိုဟ်တုတခုကို ဘီလီယံနာသူဌေးကြီး Elon Musk ရဲ့ SpaceX ကုမ္ပဏီက စနေနေ့မှာ ကမ္ဘာပတ်လမ်းထဲကို လွှတ်တင် လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Cape Canaveral အာကာသယာဉ် လွှတ်တင်တဲ့ စခန်းကနေ BADR-8 ဂြိုဟ်တုကို Falcon 9 ရော့ကက်နဲ့ လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။

ဒီဂြိုဟ်တုကို ၄ - ၅ လ အတွင်းမှာပဲ စတင်သုံးစွဲနိုင်တော့မှာ ဖြစ်ပြီး ဒီဂြိုဟ်တုကနေ အာဖရိက အလယ်ပိုင်း၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေအတွက် ရုပ်သံထုတ်လွှင့်တာနဲ့ တခြား ရေဒီယို၊ တယ်လီဖုံး ကြေးနန်း ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Airbus ကာကွယ်ရေးနဲ့ အာကာသစူးစမ်းရေး ကုမ္ပဏီက တည်ဆောက်ခဲ့တဲ့ ဒီ Badr 8 ဂြိုဟ်တုကို သက်တမ်း ၁၅ နှစ်ရှိပြီဖြစ်တဲ့ Badr 6 ဂြိုဟ်တု နေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။

အခု အာကာသပျံသန်းမှုဟာ ဒီနှစ်အတွင်း SpaceX ကုမ္ပဏီရဲ့ ၃၆ ကြိမ်မြောက် အာကာသခရီးစဉ် ဖြစ်ပြီး ဖလော်ရီဒါ အာကာသစခန်းကနေ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်တာကတော့ ၂၆ ကြိမ်မြောက် ဖြစ်ပါတယ်။

Arabsat အတွက် ဆက်သွယ်ရေးဂြိုလ်တု SpaceX လွှတ်တင်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG