သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ငှက်တုပ်ကွေး ကာကွယ်ဆွေး စသုံးဖို့ ပြင်သစ်ပြင်ဆင်


FILE PHOTO: Dead ducks are hung at a farm in the outskirts of Phnom Penh
FILE PHOTO: Dead ducks are hung at a farm in the outskirts of Phnom Penh

ကြက်ငှက်တုပ်ကွေး ကာကွယ်ဆွေး စသုံးဖို့ ပြင်သစ်ပြင်ဆင်


ပြင်သစ်နိုင်ငံမှာ တိရိစ္ဆာန်တွေအတွက် ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးဖို့ စမ်းသပ်နေတာ အောင်မြင်နေပြီဖြစ်ပြီး၊ လာမယ့်ဆောင်းဦးရာသီလောက်မှာဘဲ နဲ့ ကြက်ငှက်တွေကို စတင်ထိုးသွားပေးသွားဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေကပြောဆိုပါတယ်။

ကာကွယ်ဆေးကို ဘဲ တွေမှာအကြိမ်ကြိမ်ဆက်တိုက်စမ်းသပ်ခဲ့ပြီးအောင်မြင်မှုရရှိနေတယ်လို့ ပြင်သစ်လယ်ယာ စိုက်ပျိုး ရေးဝန်ကြီးဌာနကပြောဆိုပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင် ကမ္ဘာတလွှားက ကြက်၊ ဘဲ၊ မွေးမြူရေးလုပ်ငန်းတွေထိခိုက်ပျက်စီးခဲ့ရပြီး၊ အနာကျတဲ့ ကြက်ဘဲအကောင်ရေ သန်း ၂၀၀ ကျော်ကို လွန်ခဲ့တဲ့ တနှစ်ခွဲအတွင်း သုတ်သင်ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံဟာ ဥရောပသမဂ္ဂအတွင်း ဆိုးရွားဆုံး ခံစားခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့်တော့ ငှက်အုပ်စုဝင် ဘဲ တွေအကြားမှာကူးစက်ခဲ့တာဖြစ်ပါတယ်။

ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီတွေထံကနေ ကနဦးကာကွယ်ဆေးအလုံးရေ သန်း ၈၀ ကိုပြီးခဲ့တဲ့လထဲကမှာယူထားပြီး၊ ကျန်းမာရေးဘေးအန္တရယ်ကင်းရှင်းရေးဌာနရဲ့နောက်ဆုံးစမ်းသပ်အတည်ပြုချက်ကိုစောင့်ဆိုင်းနေရပါတယ်။ ပြင်သစ်အစိုး ရက လောလောဆယ်ဆေးဝါးကုမ္ပဏီနှစ်ခုကို ဘဲ တွေအတွက်ကာကွယ်ဆေးထုတ်လုပ်ခွင့်ပြုထားပါတယ်။

ကြက်ငှက်တုပ်ကွေးကာကွယ်ဆေးတွေကို အခြားဥရောပသမဂ္ဂနိုင်ငံတွေမှာလည်းထုတ်လုပ်ဖို့စမ်းသပ်နေပြီး၊ နယ်သာလ န်နိုင်ငံမှာလည်းအောင်မြင်မှု ရရှိနေပါတယ်။

ကြက်ငှက်တုပ်ကွေး ကာကွယ်ဆွေး စသုံးဖို့ ပြင်သစ်ပြင်ဆင်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG