သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာရွေဒသမွာ ၾကက္ငွက္တုပ္ေကြးေရာဂါ ဆိုးရြားေန


အိႏၵိယႏိုင္ငံ Ahmedabad ၿမိဳ႕မွာ ၾကက္ငွက္တုပ္ေကြး ျပန္႔ပြားမႈကို PPE ဝတ္စံုျပည့္ဝတ္ထားၿပီး ငွက္တေကာင္ကို စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

အာရွတုိက္က ၾကက္ေမြးျမဴေရးလုပ္တဲ့သူေတြဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း ေဒသတြင္းမွာ အဆုိးရြားဆုံး ၾကက္ငွက္တုပ္ေကြးေရာဂါနဲ႔ ရင္ဆုိင္ေနရပါတယ္။ ၾကက္ငွက္တုပ္ေကြးေရာဂါဟာ ဂ်ပန္ႏုိင္ငံကေန အိႏၵိယႏုိင္ငံအထိျဖစ္ေနၿပီး ဒီအေျခအေနေၾကာင့္ ၾကက္သားေစ်းေတြ မတည္မၿငိမ္ျဖစ္ေနၿပီးေတာ့ ျပန္တည္ၿငိမ္မယ့္ အရိပ္လကၡဏာလည္း မေတြ႔ရေသးဘဲျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလကစၿပီး ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏုိင္ငံေတြမွာ ၾကက္ေကာင္ေရ သန္း ၂၀ ေက်ာ္ သုတ္သင္ရွင္းလင္းခဲ့ရပါတယ္။

H5N8 ဗုိင္းရပ္စ္ပိုးဟာ ၿပီးခဲ့တဲ့တပတ္က အိႏၵိယႏုိင္ငံကို ေရာက္ရွိခဲ့ၿပီး အဲဒီမွာရွိတဲ့ ျပည္နယ္ ၁၀ ခုကို ကူးစက္ကုန္တယ္လို႔ ဆုိပါတယ္။ အိႏၵိယႏုိင္ငံဟာ ကမာၻေပၚမွာ ၾကက္သားထုတ္လုပ္မႈ ဆ႒မေျမာက္ အမ်ားဆုံးႏုိင္ငံျဖစ္ပါတယ္။

ဒီ ၾကက္ငွက္တုပ္ေကြး ေရာဂါကူးစက္မႈက အိႏၵိယႏုိင္ငံမွာျဖစ္ခဲ့သမွ်ထဲမွာေတာ့ အဆုိးရြားဆုံးေတြထဲက တခုျဖစ္တယ္လို႔ အိႏၵိယႏုိင္ငံက တိရစာၦန္က်န္းမာေရးကၽြမ္းက်င္သူ Mohinder Oberoi က ေျပာပါတယ္။ က်ီးကန္းေတြနဲ႔ ဘဲေတြမွာလည္း ေရာဂါပိုး အမ်ားအျပားရွိၿပီး လူေတြက က်ီးကန္းေတြမွာရွိတဲ့ ေရာဂါပိုးေတြကို ေၾကာက္ၾကပါတယ္။ က်ီးကန္းေတြက အေ၀းႀကီးပ်ံႏုိင္ၿပီး ၾကက္ေတြကို ကူးစက္ႏုိင္႐ုံတင္မဟုတ္ဘဲ လူေတြကိုလည္း ကူးႏုိင္ပါတယ္။

ဥေရာပတုိက္မွာလည္း ၾကက္ငွက္တုပ္ေကြးေရာဂါကူးစက္မႈေတြ အဆုိးဆုံးျဖစ္ေနခ်ိန္မွာ အခုလို အာရွမွာလည္း ျဖစ္လာေနတာျဖစ္ပါတယ္။

[Unicode Version]

အာရှဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဆိုးရွားနေ

အာရှတိုက်က ကြက်မွေးမြူရေးလုပ်တဲ့သူတွေဟာ နှစ်ပေါင်းများစွာအတွင်း ဒေသတွင်းမှာ အဆိုးရွားဆုံး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ရင်ဆိုင်နေရပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဟာ ဂျပန်နိုင်ငံကနေ အိန္ဒိယနိုင်ငံအထိဖြစ်နေပြီး ဒီအခြေအနေကြောင့် ကြက်သားဈေးတွေ မတည်မငြိမ်ဖြစ်နေပြီးတော့ ပြန်တည်ငြိမ်မယ့် အရိပ်လက္ခဏာလည်း မတွေ့ရသေးဘဲဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ကြက်ကောင်ရေ သန်း ၂၀ ကျော် သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။

H5N8 ဗိုင်းရပ်စ်ပိုးဟာ ပြီးခဲ့တဲ့တပတ်က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီမှာရှိတဲ့ ပြည်နယ် ၁၀ ခုကို ကူးစက်ကုန်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြက်သားထုတ်လုပ်မှု ဆဋ္ဌမမြောက် အများဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်မှုက အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့သမျှထဲမှာတော့ အဆိုးရွားဆုံးတွေထဲက တခုဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက တိရစ္ဆာန်ကျန်းမာရေးကျွမ်းကျင်သူ Mohinder Oberoi က ပြောပါတယ်။ ကျီးကန်းတွေနဲ့ ဘဲတွေမှာလည်း ရောဂါပိုး အများအပြားရှိပြီး လူတွေက ကျီးကန်းတွေမှာရှိတဲ့ ရောဂါပိုးတွေကို ကြောက်ကြပါတယ်။ ကျီးကန်းတွေက အဝေးကြီးပျံနိုင်ပြီး ကြက်တွေကို ကူးစက်နိုင်ရုံတင်မဟုတ်ဘဲ လူတွေကိုလည်း ကူးနိုင်ပါတယ်။

ဥရောပတိုက်မှာလည်း ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုတွေ အဆိုးဆုံးဖြစ်နေချိန်မှာ အခုလို အာရှမှာလည်း ဖြစ်လာနေတာဖြစ်ပါတယ်။

XS
SM
MD
LG