သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၆၀၀၀ ကျော် အသတ်ခံရ (PRI)


၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်တွင်တွေ့ရသည့် စစ်ကားတချို့
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်တွင်တွေ့ရသည့် စစ်ကားတချို့

မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း လပေါင်း ၂၀ အတွင်း အနည်းဆုံး အရပ်သား ၆၀၀၀ ကျော် အသတ်ခံခဲ့ရတဲ့အကြောင်း နော်ဝေနိုင်ငံ Oslo အခြေဆိုက် Peace Research Institute က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒီအစီရင်ခံစာပါ ဖေါ်ပြတဲ့ အရေအတွက်ဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ စောစောက ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် သိသိသာသာ များနေပါတယ်။

အရပ်သားတွေ သေဆုံးခဲ့မှုအတွက် စစ်တပ်မှာ အဓိက တာဝန်ရှိတယ်ဆိုတာကို အစီရင်ခံစာက ထောက်ပြပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့သူတွေ အတော်များများ ရှိခဲ့တယ်ဆိုတာကိုလည်း အစီရင်ခံစာက ရေးသားထားပါတယ်။ မြန်မာနိုင်ငံအတွင်းက သေဆုံးမှုကို ရေတွက်ခြင်း၊ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာဟာ Peace Research Institute ရဲ့ မြို့နယ်တွေမှာ အခြေခံတဲ့ စောင့်ကြည့်ရေးစနစ်နဲ့ တခြား အချက်အလက် အရင်းအမြစ် နှစ်ခုကို ပေါင်းစပ် ကိုးကားထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နဲ့ ၂၀၂၂ စက်တင်ဘာ ၃၀ ရက် အကြား လပေါင်း ၂၀ အတွင်း မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၃၀၀၀ ကျော်ရှိတဲ့အကြောင်း အစီရင်ခံစာက ထောက်ပြပါတယ်။

ဒီကာလအတွင်းမှာပဲ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ အရပ်သား ၂၀၀၀ ကျော်ရှိပြီး တခြား တိတိကျကျ ဘယ်သူဘယ်ဝါ မပြောနိုင်တဲ့ သူတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့သူ အနည်းဆုံး ၁၀၀၀ ရှိတယ်လို့ ရေးသားထားပါတယ်။ ဒီလို အရပ်သားတွေ အသတ်ခံရတာတွေအပေါ် စောင့်ကြည့် မှတ်တမ်းတင်တဲ့ စနစ် ပိုပြီး ခိုင်မာ တိုးတက် အောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းထားသလို၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အရပ်သားတွေကို ကာကွယ်နိုင်ရေး ဆွေးနွေးကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ တိကျခိုင်လုံမှုအပေါ် NUG ဘက်ကရော၊ စစ်ကောင်စီဘက်ကပါ တုံပြန်မှု တစုံတရာ ထွက်လာတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG