သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်နဲ့ စင်္ကာပူဆွေးနွေး


စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ အမေရိကန်မှာ တွေ့ဆုံဆွေးနွေးမှု (16th JUNE 2023)
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ အမေရိကန်မှာ တွေ့ဆုံဆွေးနွေးမှု (16th JUNE 2023)

မြန်မာ့အရေး ကန်နဲ့ စင်္ကာပူဆွေးနွေး

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ ချိန်ကစပြီး မြန်မာ့နိုင်ငံရေး အခြေနေတိုးတက်တဲ့ အရိပ်အယောင် မတွေ့ရဘူးလို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။

"အခုဆို ၂ နှစ်ကျော်လာပြီဖြစ်ပြီး တိုးတက်တဲ့အရိပ်ယောင်တခုမှ မတွေ့ရသေးပါဘူး။ အာဆီယံအဖွဲ့အနေနဲ့ ချထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ရှိပေမယ့် ဘာတခုမှသိသိသာသာ တိုးတက်မလာပါဘူး။ ဒါကြောင့် အာဆီယံထိပ်သီးအစည်းဝေးဖြစ်ဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အဆင့် တွေ့ဆုံပွဲကိုဖြစ်ဖြစ် မြန်မာတက်ရောက်ဖို့ စောသေးတယ်လို့ယုံကြည်တဲ့အတွက် ခုနောက်ဆုံးထိပ်သီးဆွေးနွေးပွဲမှာလည်း ဒါကိုထပ်ပြီး အတည်ပြုခဲ့ပါတယ်" - လို့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အခုအချိန်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ အတိုက်အခံအဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်က စစ်တပ်အာဏာသိမ်းတုန်းက ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်လာဖို့ နှစ်ပေါင်း ၂၅ လောက်ကြာတဲ့သမိုင်းရှိပြီး ခုတကြိမ်တော့ ဒီလောက်မကြာဖို့ မျှော်လင့်ပေမယ့် ခုထိတော့တိုးတက်တာမတွေ့ရဘူးလို့ ပြောပါတယ်။

ဝန်ကြီး Blinken ကလည်း စင်္ကပူနိုင်ငံခြားရေးဝန်ကြီးနဲ့ သဘောထားတူကြောင်းနဲ့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေး နေမှာဖြစ်ကြောင်းပြောပါတယ်။ မြန်မာစစ်တပ်နဲ့ သူနဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူနေပြီး တခြားနိုင်ငံတွေကလည်း မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတွေ မလုပ်ဖို့လည်း ပန်ကြားခဲ့ပါတယ်။

မြန်မာစစ်တပ်အတွက် ဒေါ်လာသန်း ၂၅၀ ကျော်တန် စစ်လက်နက်ပစ္စည်းတွေ စင်္ကာပူကတဆင့် တင်ပို့နေကြောင်း ကုလအထူးကိုယ်စားလှယ်ရဲ့မေလ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဝန်ကြီး Blinken က မေးမြန်းရာမှာတော့ စင်္ကာပူအစိုးရရဲ့ မူဝါဒဖြစ်တဲ့ စစ်လက်နက်ဆိုင်ရာ ကန့်သတ်တားမြစ်မှုချထားတဲ့အတိုင်း ကိုင်တွယ်ဆောင်ရွက်နေကြောင်းလည်း စင်္ကာပူဝန်ကြီးချုပ်က ပြန်လည် ပြောကြားခဲ့တာပါ။

မြန်မာ့အရေး ကန်နဲ့ စင်္ကာပူဆွေးနွေး
please wait

No media source currently available

0:00 0:01:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG