သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ ဒီမိုကရေစီစနစ်အပေါ် အမေရိကန်အများစု ဘဝင်မကျ


US 250th Anniversary
US 250th Anniversary

အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ် ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ထိရောက်မှု မရှိလှဘူးလို့ အမေရိကန်ပြည်သူလူထု ၄၉% က ယူဆကြောင်း AP သတင်းဌာနက ဇွန်လ ၂၂ ရက်ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ သဘောထား စစ်တမ်းတခုက ပြသလိုက်ပါတယ်။

၁၀% ကသာ ဒီမိုကရေစီဟာ ကောင်းမွန်စွာ အလုပ်ဖြစ်နေတယ်လို့ ယူဆပြီး၊ ၄၀% ကတော့ တဝက်တပျက် အလုပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုတို့ဟာလည်း ဒီမိုကရေစီ မူဝါဒတွေကို မှန်မှန်ကန်ကန် လိုက်နာခြင်း မရှိဘူးလို့လည်း အဲဒီ စစ်တမ်းက ဖေါ်ပြပါတယ်။

စစ်တမ်းမှာ ဖြေဆိုသူ ၄၇% က - ဒီမိုကရက်တွေဟာ အလွဲလွဲအမှားမှားတွေ လုပ်ကိုင်နေတယ်လို့ ယူဆပြီး ၊ ၅၆% ကတော့ ရီပတ်ဘလစ်ကင်ပါတီရဲ့ လိုက်နာလုပ်ဆောင်မှုက ပိုကောင်းတယ်လို့ ယူဆကြပါတယ်။

ဒီသဘောထား စစ်တမ်းဟာ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး ကာလအတွင်း ငွေကြေးဖေါင်းပွမှုနဲ့ စီးပွားရေး ဆုတ်ယုတ်မှုကြောင့် နိုင်ငံရေးသဘောထား ကွဲလွဲမှု ကျယ်ပြန့်နေတာကို ပြသလိုက်ခြင်းဖြစ်တယ်လို့ AP သတင်းဌာနက ဆိုပါတယ်။

XS
SM
MD
LG