သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆီက မြေရှားသတ္တုများ တရုတ် တိုးမြှင့်ဝယ်ယူ


Rare Earth mining (photo: Kachin News Group)
Rare Earth mining (photo: Kachin News Group)

ကြီးထွားလာတဲ့ ကားလုပ်ငန်းနဲ့ လေစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ၂၀၂၃ ပထမ နှစ်ဝက်ထဲမှာပဲ တရုတ်က သူ့ရဲ့အိမ်နီးချင်း မြန်မာဆီကနေ မြေရှားသတ္တု တိုးမြှင့် ဝယ်ယူတင်သွင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံကို မြေရှားသတ္တု ဒုတိယအများဆုံး တင်ပို့နေတာ ြမန်မာ ဖြစ်ပါတယ်။

ဒီနှစ် ပထမ ၆ လပတ်မှာ မြေရှားသတ္တု မက်ထရစ်တန်ချိန် ၃ သောင်းခွဲလောက် မြန်မာကနေ တင်သွင်းခဲ့တာကြောင့် ၂၀၂၂ ဒုတိယ ၆ လပတ်ထဲ ဝယ်ယူတင်သွင်းမှုရဲ့ ရာခိုင်နှုန်း ၇၀ ကျော်ရှိပြီး ဒါဟာ ၂၀၂၂ ပထမ ၆ လပတ်ထက် ၉ ဆ ပိုပြီး များနေတာ ဖြစ်ပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း တရုတ်က မြန်မာဆီကနေ မြေရှားသတ္တု အကြီးအကျယ် ဝယ်ယူလာတာဖြစ်ပြီး ရှားပါးတဲ့ dysprosium ၊ yttrium နဲ့ terbium အမျိုးအစားတွေ အပါအဝင် ဝယ်ယူတဲ့ မြေရှားသတ္တုအားလုံးရဲ့ ၄၀ % လောက်ဟာ မြန်မာဆီကဖြစ်ကြောင်း ကနေဒါအခြေစိုက် Adamas ထောက်လှမ်းရေးဌာနက ပြောပါတယ်။

တရုတ်နယ်စပ်တ ေလျာက် တင်းကြပ်တဲ့ ကိုဗစ်ထိန်းချုပ်မှုတွေကြောင့် မြေရှားသတ္တု ရောင်းဝယ်ရေးနှောင့်နှေးခဲ့ပေမယ့် တရုတ်က ကိုဗစ်ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ ၂၀၂၂ ဒီဇင်ဘာလထဲမှာတော့ လစဉ်တင်သွင်းမှု ချက်ချင်း တိုးလာခဲ့တာဖြစ်ပြီး ဒီနှစ်ထဲအထိ ဆက်ပြီး တိုးနေတာဖြစ်ပါတယ်။ တရုတ်က အများဆုံးဝယ်ယူတင်သွင်းနေတဲ့ အမေရိကန်ပြည်ထောင်စုဆီက တင်သွင်းမှုတွေဟာ ဒီနှစ် ပထမနှစ်ဝက်ထဲမှာ တန်ချိန် ၄ သောင်းလောက်ပဲရှိပြီး တင်သွင်းမှုက ၂၁ % ကျဆင်းသွားတာ ဖြစ်ပါတယ်။

လျှပ်စစ်ကားနဲ့ ခေတ်မှီ စက်ကရိယာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တု ထုတ်လုပ်ရေးကို ကမ္ဘာမှာ တရုတ်က အဓိက လုပ်ဆောင်နေတာဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကို တရုတ်က ထိန်းချုပ်ထားမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

အိမ်နီးချင်း နောက်တနိုင်ငံဖြစ်တဲ့ လာအိုကလည်း ဒီနှစ်ထဲမှာပဲ တရုတ်ကို မြေရှားသတ္တု အနည်းငယ် တင်သွင်းလာတာလည်း တွေ့ရပါတယ်။

မြန်မာဆီက မြေရှားသတ္တုများ တရုတ် တိုးမြှင့်ဝယ်ယူ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG