သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း ဝန်းကျင် ထိန်းသိမ်းရေး ကချင်အဖွဲ့အစည်းတွေ မြေကမ္ဘာ နေ့မှာတောင်းဆို


Rare Earth mining (photo: Kachin News Group)
Rare Earth mining (photo: Kachin News Group)

ဒေသတွင်း ဝန်းကျင် ထိန်းသိမ်းရေး ကချင်အဖွဲ့အစည်းတွေ မြေကမ္ဘာ နေ့မှာတောင်းဆို

ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၃ ခုနှစ် မြေကမ္ဘာနေ့ အထိမ်းအမှတ်ကို ကမ္ဘာတလွှား ကျင်းပနေကြချိန်မှာပဲ ကချင် သဘာဝဝန်းကျင်နဲ့ လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့တွေ အပါအဝင် ကချင်အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့က မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင်း မြေရှားသတ္တု တူးဖေါ်မှု၊ ရွှေတူးဖေါ်မှုနဲ့ တရုတ်တစ်ရှုးငှက်ပျော စိုက်ပျိုးမှုတွေကြောင့် သဘာဝ ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်စောင့်ရှောက်ကြဖို့ ပန်ကြားလိုက်ပါတယ်။

စည်းကမ်းမဲ့ သတ္တုတူးဖေါ်မှုတွေကြောင့် ဒေသတွင်း တောတောင်တွေ ပျက်သုဉ်းရသလို ၊ သဘာဝဝန်းကျင် မပျက်စီးစေတဲ့ မူဝါဒမရှိပဲ တရုတ် တစ်ရှုးငှက်ပျောစိုက်ပျိုးခွင့် ပေးထားတာကြောင့် မြေယာပျက်စီးမှုတွေ ရှိနေတဲ့အတွက် သဘာဝဝန်းကျင်ကို အရေးတကြီး ကာကွယ်ဖို့ လိုအပ်နေကြောင်း သတိပေးထားပါတယ်။ ဒီအတွက် အုပ်ချုပ်တဲ့အစိုးရမှာရော ပြည်သူ အားလုံးမှာပါ တာဝန်ရှိတာကြောင့် သဘာဝဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြဖို့ မြေကမ္ဘာနေ့မှာ ပန်ကြားထားပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၃ မြေကမ္ဘာနေ့အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာတလွှား ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပမာဏဟာ အလွန်အမင်း များပြား လာနေတာကြောင့် မြေပြင်နဲ့ သမုဒ္ဒရာအပြင် လေထုကိုပါ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်စေတာ တွေ့ရတယ်လို့ တင်ပြထားပါတယ်။ ဒါ့အပြင် မြေကမ္ဘာနေ့ကို လူသားတွေက ကျင်းပ နေချိန်မှာ မြေကမ္ဘာ ကိုယ်တိုင်ကတော့ မပျော်နိုင်ဖြစ်နေရတယ်လို့လည်း ပြောထားပါတယ်။ အခု ၅၃ နှစ်မြောက် မြေကမ္ဘာနေ့ကို နိုင်ငံတကာအသိုင်းဝိုင်းက “Give a break to a Mother Earth” မြေကမ္ဘာကို အနားပေးကြစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG