{{Zawgyi/Unicode}}
ဒီကေန႔ ဧၿပီလ ၂၂ ရက္ေန႔မွာ က်ေရာက္တဲ့ ေျမကမာၻေန႔မွာ ကမာၻတဝန္း သဘာဝပတ္ဝန္းက်င္အေရးလႈပ္ရွားသူေတြ ဆႏၵျပလႈပ္ရွားခဲ့ၾကပါတယ္။
အင္ဒိုနီးရွားမွာ သဘာဝပတ္ဝန္းက်င္ေရးလႈပ္ရွားသူ ၃၀ ေလာက္စုေဝးၿပီး သ႐ုပ္ေဖာ္ျပကြက္ေတြနဲ႔ တင္ဆက္ခဲ့ၾကပါတယ္။ သူတို႔က သဘာဝပတ္ဝန္းက်င္အေရး သတိျပဳမိလာေစဖို႔နဲ႔ ဥတုရာသီေျပာင္းလဲမႈနဲ႔ ပတ္သက္လို႔ အစိုးရရဲ႕ မူဝါဒေတြကို ကန္႔ကြက္ဆႏၵျပခဲ့ၾကတာပါ။ ဒီလႈပ္ရွားမႈမွာ မ်က္ႏွာဖုံးေတြ ဝတ္ဆင္ထားတဲ့ ဆႏၵျပသူေတြက ငိုေႂကြးေနတဲ့ ကမာၻႀကီးပုံေတြကို ကိုင္ေဆာင္စုေဝးခ်ီတက္ခဲ့ပါတယ္။
အလားတူပဲ ကမာၻတဝန္းမွာ ေျမကမာၻေန႔ လႈပ္ရွားမႈအေနနဲ႔ အမႈိက္ေကာက္တာ၊ အမႈိက္နဲ႔ ဖန္တီးျပဳလုပ္ထားတဲ့ ဝတ္စုံေတြဝတ္ၿပီး ဖက္ရွင္ရႈိးပြဲျပဳလုပ္တာ၊ သဘာဝပတ္ဝန္းက်င္ ကာကြယ္ေစာင့္ေရွာက္ေရး သတိျပဳမိလာေစဖို႔ ႏႈိးေဆာ္တာ စတာေတြကို လုပ္ေဆာင္ခဲ့ၾကပါတယ္။
အေမရိကန္ အိမ္ျဖဴေတာ္မွာလည္း ဒီကေန႔ ေျမကမာၻေန႔ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရး ထိပ္သီးေဆြးေႏြးပြဲတရပ္ကို က်င္းပသြားဖို႔ ရွိပါတယ္။ ႏွစ္ရက္တာက်င္းပမယ့္ ဗီြဒီယိုကတဆင့္ ေဆြးေႏြးပြဲ ဒုတိယေန႔မွာ ဆြီဒင္ႏိုင္ငံသူ သဘာဝပတ္ဝန္းက်င္အေရးလႈပ္ရွားသူ Greta Thunberg လည္း ပါဝင္တက္ေရာက္မွာျဖစ္ပါတယ္။
.......................................................
{{Unicode}}
ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာတဝန်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။
အင်ဒိုနီးရှားမှာ သဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားသူ ၃၀ လောက်စုဝေးပြီး သရုပ်ဖော်ပြကွက်တွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ သူတို့က သဘာဝပတ်ဝန်းကျင်အရေး သတိပြုမိလာစေဖို့နဲ့ ဥတုရာသီပြောင်းလဲမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ မူဝါဒတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုမှာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေက ငိုကြွေးနေတဲ့ ကမ္ဘာကြီးပုံတွေကို ကိုင်ဆောင်စုဝေးချီတက်ခဲ့ပါတယ်။
အလားတူပဲ ကမ္ဘာတဝန်းမှာ မြေကမ္ဘာနေ့ လှုပ်ရှားမှုအနေနဲ့ အမှိုက်ကောက်တာ၊ အမှိုက်နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဝတ်စုံတွေဝတ်ပြီး ဖက်ရှင်ရှိုးပွဲပြုလုပ်တာ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး သတိပြုမိလာစေဖို့ နှိုးဆော်တာ စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
အမေရိကန် အိမ်ဖြူတော်မှာလည်း ဒီကနေ့ မြေကမ္ဘာနေ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ထိပ်သီးဆွေးနွေးပွဲတရပ်ကို ကျင်းပသွားဖို့ ရှိပါတယ်။ နှစ်ရက်တာကျင်းပမယ့် ဗွီဒီယိုကတဆင့် ဆွေးနွေးပွဲ ဒုတိယနေ့မှာ ဆွီဒင်နိုင်ငံသူ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ Greta Thunberg လည်း ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။