သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့သတၱဳတြင္းထြက္ တ႐ုတ္တင္ပို႔မႈ ထိခိုက္လာႏိုင္


လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းေနရာ

{{Zawgyi/Unicode}}

ျမန္မာႏိ္ုင္ငံတြင္းစစ္အာဏာသိမ္းမႈေၾကာင့္ သတၱဳနဲ႕တြင္းထြက္ပစၥည္းေတြ တင္ပို႔မႈေတြက်လာမွာကို အိမ္နီးခ်င္းတ႐ုတ္ဖက္က စိုးရိမ္ေနပါတယ္။

သံျဖဴ၊ ေၾကးနီနဲ႔ ေျမရွားသတၱဳ (Rare Earth) ေစ်းႏႈန္းေတြျမင့္တက္ေနခ်ိန္မွာ ကမာၻ.သတၱဳအမ်ားဆံုးတင္သြင္းေနရတဲ့ တရုတ္အေနနဲ႔ အခုလို စိုးရိမ္လာတာပါ။ ကိုဗစ္ကပ္ေရာဂါကန္႔သတ္ခ်က္ေတြေၾကာင့္လည္း ဒီမတိုင္ခင္ကတည္းက ျမန္မာဖက္က သတၱဳနဲ႔တြင္းထြက္တင္ပို႔မႈေတြ က်ဆင္းခဲ့ပါတယ္။

ျမန္မာဟာ ကမာၻမွာ သံျဖဴတတိယအမ်ားဆံုးတင္ပို႔တဲ့ႏိုင္ငံအျဖစ္ ႏိုင္ငံတကာသံျဖဴလုပ္ငန္းအသင္းက သတ္မွတ္ထားၿပီး၊ ၿပီးခဲ့တဲ့ ၂၀၂၀ အတြင္းမွာ တ႐ုတ္ႏိုင္ငံထဲ တင္သြင္းတဲ့ သံျဖဴအၾကမ္းထည္ ၉၅ ရာခိုင္ႏႈန္းဟာ ျမန္မာႏိုင္ငံဖက္ကျဖစ္ပါတယ္။

တရုတ္မွာ ဒီသံျဖဴက်ိဳခ်က္မူလုပ္ငန္းအဓိကလုပ္ေနတာ ျမန္မာနဲ႔ နယ္ခ်င္းစပ္ ယူနန္ျပည္နယ္ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ႏွစ္ ကိုဗစ္ကပ္ေဘးေၾကာင့္ ျမန္မာဖက္က သံျဖဴကုန္ၾကမ္းတင္ပို႔မႈဟာ ၁၃.၅ ရာခိုင္ႏႈနး္ က်ဆင္းခဲ့ပါတယ္။

ဒါေပမဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဝေဒသကေန ဒီ သံျဖဴအၾကမ္းထည္တင္ပို႔မူကေတာ့ ႏိုင္ငံထဲ စစ္အာဏာသိမ္းမူေၾကာင့္ ထိခိုက္မူမရွိေသးပဲ တင္ပို႔မူေတြဆက္ရွိေနတယ္လို႔ ဒီ ႏိုင္ငံတကာသံျဖဴအသင္းက ဆိုပါတယ္။

ကမာၻေပၚမွာ ေၾကးနီတင္ပို႔မူ ၁၈ ႏိုင္ငံေျမာက္အမ်ားဆံုးျဖစ္တဲ့ ျမန္မာအေနနဲ႔ ေၾကနီထုတ္လုပ္ေရးလုပ္ငန္းမွာ တရုတ္ရဲ့ ဝမ္ေဘာင္ကုမဏီနဲ႔ စစ္တပ္လုပ္ငန္း Niroco ဦးေဆာင္တဲ့အဖြဲ႔ေတြနဲ႔ဖက္စပ္လုပ္ကိုင္ေနတာရွိပါတယ္။


ကြန္ျပဴတာနဲ႔ စစ္ပစၥညး္ေတြထုတ္ရာမွာသံုးတဲ့ တြင္းထြက္ ၁၇မ်ိဳးပါ ေျမရွားသတၱဳအမ်ားဆံုးထုတ္တဲ့တရုတ္အေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ထဲ ဒီသတၱဳတဝက္ပမာဏရေရးျမန္မာႏိုင္ငံအေပၚ မီွခိုေနရေသးတယ္လို႔ Adamas Intelligence အဖြဲ႔ စီမံညႊန္ၾကားေရးမူ Ryan Castilloux က ဆိုပါတယ္ ခင္ဗ်ာ။

............................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံတွင်းစစ်အာဏာသိမ်းမှုကြောင့် သတ္တုနဲ့တွင်းထွက်ပစ္စည်းတွေ တင်ပို့မှုတွေကျလာမှာကို အိမ်နီးချင်းတရုတ်ဖက်က စိုးရိမ်နေပါတယ်။

သံဖြူ၊ ကြေးနီနဲ့ မြေရှားသတ္တု (Rare Earth) ဈေးနှုန်းတွေမြင့်တက်နေချိန်မှာ ကမ္ဘာ.သတ္တုအများဆုံးတင်သွင်းနေရတဲ့ တရုတ်အနေနဲ့ အခုလို စိုးရိမ်လာတာပါ။ ကိုဗစ်ကပ်ရောဂါကန့်သတ်ချက်တွေကြောင့်လည်း ဒီမတိုင်ခင်ကတည်းက မြန်မာဖက်က သတ္တုနဲ့တွင်းထွက်တင်ပို့မှုတွေ ကျဆင်းခဲ့ပါတယ်။

မြန်မာဟာ ကမ္ဘာမှာ သံဖြူတတိယအများဆုံးတင်ပို့တဲ့နိုင်ငံအဖြစ် နိုင်ငံတကာသံဖြူလုပ်ငန်းအသင်းက သတ်မှတ်ထားပြီး၊ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာ တရုတ်နိုင်ငံထဲ တင်သွင်းတဲ့ သံဖြူအကြမ်းထည် ၉၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံဖက်ကဖြစ်ပါတယ်။

တရုတ်မှာ ဒီသံဖြူကျိုချက်မူလုပ်ငန်းအဓိကလုပ်နေတာ မြန်မာနဲ့ နယ်ချင်းစပ် ယူနန်ပြည်နယ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ကိုဗစ်ကပ်ဘေးကြောင့် မြန်မာဖက်က သံဖြူကုန်ကြမ်းတင်ပို့မှုဟာ ၁၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝဒေသကနေ ဒီ သံဖြူအကြမ်းထည်တင်ပို့မူကတော့ နိုင်ငံထဲ စစ်အာဏာသိမ်းမူကြောင့် ထိခိုက်မူမရှိသေးပဲ တင်ပို့မူတွေဆက်ရှိနေတယ်လို့ ဒီ နိုင်ငံတကာသံဖြူအသင်းက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကြေးနီတင်ပို့မူ ၁၈ နိုင်ငံမြောက်အများဆုံးဖြစ်တဲ့ မြန်မာအနေနဲ့ ကြေနီထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်ရဲ့ ဝမ်ဘောင်ကုမဏီနဲ့ စစ်တပ်လုပ်ငန်း Niroco ဦးဆောင်တဲ့အဖွဲ့တွေနဲ့ဖက်စပ်လုပ်ကိုင်နေတာရှိပါတယ်။

ကွန်ပြူတာနဲ့ စစ်ပစ္စည်းတွေထုတ်ရာမှာသုံးတဲ့ တွင်းထွက် ၁၇မျိုးပါ မြေရှားသတ္တုအများဆုံးထုတ်တဲ့တရုတ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲ ဒီသတ္တုတဝက်ပမာဏရရေးမြန်မာနိုင်ငံအပေါ် မှီခိုနေရသေးတယ်လို့ Adamas Intelligence အဖွဲ့ စီမံညွှန်ကြားရေးမူ Ryan Castilloux က ဆိုပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG