သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကူမြို့နယ်တွင်း တိုက်ပွဲတွေဖြစ်ပွါး


(ပုံဟောင်း) - ရွှေကူမြို့နယ် မံဝိန်းကျေးရွာနေအိမ်များမီးလောင်နေစဉ် (မတ်လ ၃၀၊ ၂၀၂၃)
(ပုံဟောင်း) - ရွှေကူမြို့နယ် မံဝိန်းကျေးရွာနေအိမ်များမီးလောင်နေစဉ် (မတ်လ ၃၀၊ ၂၀၂၃)

ရွှေကူမြို့နယ်တွင်း တိုက်ပွဲတွေ ဖြစ်ပွါး

ကချင်ပြည်နယ် ရွှေကူမြို့နယ်က ကျောက်ကြီးရဲစခန်းကို သောကြာနေ့ မနက်အစောပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် တိုင်တိုင် ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးရာနေရာကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတဲ့အကြောင်း သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။


ရဲနဲ့ စစ်တပ် ပူးတွဲ အခြေစိုက်ထားတဲ့ ရွှေကူမြို့နယ် ကျောက်ကြီးရွာ ရဲစခန်းကို သောကြာနေ့မနက်အစော ၃ နာရီလောက်မှာ KIA နဲ့ PDFအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ ကျောက်ကြီး ရဲစခန်းကို အဲဒီမှာ ကချင်လက်နက်ကိုင်တပ်မတော်နဲ့ PDF နဲ့ ပူးပေါင်းပြီး တိုက်တာပေါ့နော်။ မနက် ၃ နာရီ ၁၅ လောက်မှာ လာတိုက်တယ်။ တိုက်ပြီးတဲ့ အခါကျတော့ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အဲဒါပြန်သွားပြီးတော့ နောက်တခါ ဟတ်စကီးနဲ့ တခါ လာပြန်ပစ်တယ်။ ဗုံးချတယ်ပေါ့။ စခန်းကို သိမ်းမိလား မသိမ်းမိလား ဆိုတာတော့ အခုချိန်ထိ တိကျတဲ့ သတင်းကတော့ မရသေးဘူးပေါ့ဗျာ။ စခန်းထဲမှာလည်း ရှိသေးတယ်လို့ ပြောတာကိုး။ အခုကျတာက စစ်တပ်ထိုင်ထားတဲ့ စာသင်ကျောင်းပေါ့။ စာသင်ကျောင်းဆိုတာလည်း ရဲစခန်းနဲ့ သိပ်မဝေးဘူးဗျ။ အဲဒီကနေ အရှင်တယောက် မိသွားတယ်။ ပစ္စည်းတွေ သိမ်းသွားတယ် အဲလို ကြားတာကိုး။”

လေယာဉ်နဲ့ ဗုံးချတာကြောင့် ရွာသားတွေ အထိအခိုက် ရှိမရှိ မသိရသေးပေမယ့် ကျောက်ကြီးရွာအနီးက ပေါက်ကုန်းရွာမှာတော့ အပျက်အစီးတချို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ ကျတာတော့ ပေါက်ကုန်းပေါ့။ သူ့ရဲ့တဘက်က ရွာပေါ့။ တချို့ဟာက တောထဲ ကျတာပေါ့။ ရွာသားတွေတော့ အထိအခိုက် မရှိဘူး။ အဲဒီ ကျောက်ကြီးရွာရဲ့ တဘက်က ပေါက်ကုန်းဆိုတဲ့ ရွာကတော့ သိမ်ကျောင်းကြီး ပြိုသွားတယ်လို့တော့ ပြောတာပဲ။ ”

ဒေသခံတချို့ကတော့ ညနေပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရကြောင်းနဲ့ နေ့ခင်းဘက်မှာလည်း လေယာဉ် ထပ်မံလာရောက်တာရှိကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားရာ နေရာဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းကြောင့် အနားက မင်းကျောင်းကုန်းရွာနဲ့ သာယာကုန်းရွာ ရွာနှစ်ရွာက ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။

ရွှေကူမြို့နယ် ကျောက်ကြီးရွာ ရဲစခန်းကို ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာပါ။ မေလ နောက်ဆုံးအပတ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ကျောက်ကြီးရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ကျောက်ကြီးရွာဟာ ရွှေကူမြို့နဲ့ ၁၅ မိုင်လောက် အကွာမှာ တည်ရှိတာဖြစ်ပြီး မြစ်ရဲ့ တဘက်ကမ်းမှာ တည်ရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG