သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနဲ့ မသင်္ကာသူ ၁၀၀ ကျော် တရုတ်ထံ မြန်မာလွှဲပြောင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)
အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)

ဖမ်းဝရမ်းနဲ့ အလိုရှိနေသူ ၁၁ ဦး အပါအဝင် အွန်လိုင်းလိမ်လည်မှုတွေအတွက် မသင်္ကာသူ ၁၀၉ ဦးကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ဒီနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။ အွန်လိုင်းလိမ်လည်မှုတွေကို ပူးပေါင်းနှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် စနေနေ့ကပဲ မြန်မာအာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့တာလို့လည်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

ဒီမတိုင်ခင်မှာလည်း ဖမ်းဝရမ်း ထုတ်ထားသူ ၅၈ ယောက် အပါအဝင် အွန်လိုင်းရာဇဝတ်မှုတွေအတွက် မသင်္ကာသူ ၁၄၈၂ ယောက်ကို တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ ၂ နိုင်ငံ လုံခြုံရေးအာဏာပိုင်တွေ ပူးပေါင်းပြီး အွန်လိုင်းရာဇဝတ်မှုတွေကို နှိမ်နင်းနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံ နယ်စပ်ဒေသ၊ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြဝတီမြို့အနီး ရွှေကုက္ကိုလ် မြို့သစ်မှာ ဒေသတွင်း နိုင်ငံတွေက အလုပ်အကိုင်ရှာဖွေသူတွေကို ထိန်းသိမ်းထားပြီး ဆိုက်ဘာရာဇဝတ်မှုတွေ အတင်းအကျပ် ခိုင်းစေနေတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာရာက နောက်ဆက်တွဲ ဖမ်းဆီးနှိမ်နင်းမှုတွေ ပေါ်ပေါက်နေတာပါ။ သက်ဆိုင်ရာနိုင်ငံတွေကလည်း အတင်းအကျပ် စေခိုင်းခံထားရတဲ့ နိုင်ငံသားတွေကို ပြန်လည်ကယ်တင်တာတွေလည်း ရှိနေပါတယ်။

အွန်လိုင်းရာဇဝတ်မှုနဲ့ မသင်္ကာသူ ၁၀၀ ကျော် တရုတ်ထံ မြန်မာလွှဲပြောင်း
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG