သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူ ၇၀၀ ကျော် တရုတ်ထံ မြန်မာလွှဲအပ်

အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အွန်လိုင်းရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပြီး မသင်္ကာသူ ၇၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြလိုက်ပါတယ်။ တရုတ်နိုင်ငံသားတွေပါ လိမ်ညာခံနေရတဲ့ အွန်လိုင်းရာဇဝတ်မှုတွေကို နှိမ်နင်းမှု တစိတ်တပိုင်းအဖြစ် ဖမ်းဆီးထားသူ ၇၀၆ ဦးကို မြန်မာအာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။

တရားခံပြေး ၂၆ ဦး အပါအဝင် သံသယရှိသူတွေကို စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၇ ရက်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ် Lincang နဲ့ Pu'er မြို့တွေရှိ ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေထံကို လွှဲပြောင်းပေးခဲ့တာလို့လည်း ပြောပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ သံသယရှိသူတွေရဲ့ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို သေချာစွာစုံစမ်းစစ်ဆေးပြီး အွန်လိုင်း လိမ်လည်မှုဆိုင်ရာ ဥပဒေတွေအတိုင်း တင်းတင်းကျပ်ကျပ် နှိမ်နင်းသွားမယ်လို့ ကတိပြုထားပါတယ်။ ရာဇဝတ်မှုဆိုင်ရာ ကွင်းဆက်တခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းနိုင်ဖို့အတွက် ဆက်စပ်နေတဲ့ နိုင်ငံတွင်းက အမှုအခင်းတွေကိုပါ သေချာလေ့လာ နှိမ်နင်းသွားဖို့ကိုလည်း စီစဉ်ထားပါတယ်။ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပြီး မသင်္ကာသူ ၂၃၁၇ ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပြီးကြောင်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနကပြောပါတယ်။

အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူ ၇၀၀ ကျော် တရုတ်ထံ မြန်မာလွှဲအပ်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG