သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အနီး ကန့်သတ်နယ်မြေထားဖို့ တရုတ်အာဏာပိုင်တွေပြင်ဆင်


တရုတ်မြန်မာနယ်စပ်ဂိတ်
တရုတ်မြန်မာနယ်စပ်ဂိတ်

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေကို တားဆီးနိုင်ဖို့ အတွက် တရုတ်-မြန်မာနယ်စပ်အနီးမှာ ကန့်သတ်နယ်မြေတခုထားဖို့ ဒေသခံအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ ဒီနှစ်ကုန်အထိ Tengchong မြို့အတွင်းကို လူနဲ့ မော်တော်ယဉ်တွေ ဝင်ရောက်သွားလာမှုတွေကို ကန့်သတ်ဖို့ ယူနန်ပြည်နယ် အာဏာပိုင်တွေ မနေ့တုန်းကပဲ ပြောခဲ့ကြောင်း South China Morning Post သတင်းက ဖော်ပြခဲ့တာပါ။

အဆိုပါဇုန်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချဖို့အတွက် လူနဲ့ မော်တော်ယာဉ်တွေ စီးဆင်းမှုကို ခြေရာခံစီမံခန့်ခွဲဖို့ ရည်ရွယ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ပြည်ပကလိမ်လည်လှည့်ဖြားမှုတွေကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းအသစ်တွေကို ရှာဖွေနေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရကလည်း သူ့နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး နယ်စပ်ဖြတ်ကျော် ဖြားယောင်းသွေးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ မြန်မာနိုင်ငံကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံအခြေစိုက် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်း၊ လာအိုတို့ နဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ တရုတ်နိုင်ငံက ကတိပြုခဲ့ပါသေးတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ သတိပေးချက်အရ ဇုန်အတွင်းသို့ ဝင်ရောက်လိုတဲ့ လူတွေနဲ့ ယာဉ်တွေဟာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့တကွ သူတို့ သွားရောက်မယ့် အကြောင်းအရာတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေထံ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ပူးပေါင်းကာကွယ်ရေးနယ်ခြားစခန်းတွေက အရာရှိတွေကလည်း ဇုန်အတွင်းဝင်ရောက်လာတဲ့ လူတစ်ဦးချင်းစီနဲ့ ယာဉ်တွေရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးဖို့ တာဝန်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG