သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံရမှာစိုးလို့ တရုတ်တွေ ထိုင်းသွားလည်ဖို့စိုးရိမ်

တရုတ်နိုင်ငံမှာပြသတဲ့ "No More Bets" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခု
တရုတ်နိုင်ငံမှာပြသတဲ့ "No More Bets" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခု

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံထဲမှာ အွန်လိုင်းရာဇဝတ်မှုကျုးလွန်တဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ ပြန်ပေးဆွဲခံရမှာကို စိုးရိမ်ပြီး တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေ ထိုင်းနိုင်ငံကိုသွားဖို့ ဝန်လေးနေတာကို AFP သတင်းမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံမှာပြသတဲ့ "No More Bets" ဆိုတဲ့ ရုပ်ရှင်မှာ ထိုင်းနိုင်ငံကိုသွားတဲ့ ခရီးသည်တွေ ပြန်ပေးဆွဲခံရပြီး အွန်လိုင်း ရာဇဝတ်မှုတွေ ကျုးလွန်ဖို့ အခိုင်းခံရတဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်က တရုတ်နိုင်ငံမှာ အတိယ လူကြိုက်အများဆုံး ရုပ်ရှင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၂၀ ကျော်နဲ့ ညီမျှတဲ့ ယွမ်ငွေ ၃.၈ ဘီလျံ ဝင်ငွေရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံကို သွားရင် ဘေးကင်း လုံခြုံမှု ရှိမရှိဆိုတဲ့ မေးခွန်းတွေလည်း တရုတ်နိုင်ငံသားတွေအကြားမှာ ဆွေးနွေးမှုတွေ ရှိလာနေပါတယ်။

ပုံမှန်အားဖြင့် ဒီလိုရာသီမှာ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံသားတွေ အလာများပြီး ကိုဗစ် ကပ်ရောဂါကူးစက်မှုတွေမဖြစ်ခင် ၂၀၁၉ ခုနှစ်ကဆိုရင် တရုတ်နိုင်ငံသားခရီးသည် ၁၁ သန်း ထိုင်းနိုင်ငံကို လာရောက်ခဲ့ပါတယ်။

"No More Bets" ရုပ်ရှင်အပြင် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ မကြာသေးခင်က အွန်လိုင်း ရာဇဝတ်မှုကျုးလွန်တဲ့ အလုပ်တွေ အလုပ်ခိုင်းခံရတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်တဲ့ တကယ့်ဖြစ်ရပ်မှန် သတင်းတွေကြောင့်လည်း ထိုင်းနိုင်ငံကို တရုတ်နိုင်ငံသားတွေ သွားဖို့ စိုးရိမ်နေတဲ့အကြောင်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်အတွင်းကပဲ အွန်လိုင်းရာဇဝတ်မှုတွေမှာ ပါဝင်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁,၂၀၀ လောက်ကို နေရပ်ပြန်ပို့ခဲ့တဲ့အကြောင်း တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ UWSA ဝ တပ်ဖွဲ့က ပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတင် တရုတ်နိုင်ငံသား တသောင်းလောက် ပြန်ပေးဆွဲခံရသလို အတင်းအကြပ် အခိုင်းခံနေရတယ်ဆိုပြီး မနှစ်က The Los Angeles Times သတင်းစာမှာ ရေးခဲ့ဖူးပါတယ်။

ပြန်ပေးဆွဲခံရမှာစိုးလို့ တရုတ်တွေ ထိုင်းသွားလည်ဖို့စိုးရိမ်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG