သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့အားပြိုင်ဖို့ကြိုးစားလာတဲ့ အိန္ဒိယရဲ့ မြန်မာ့အရေးမူဝါဒ


မြန်မာငြိမ်းချမ်းရေး ဖြစ်စဥ်မှာ အိန္ဒိယက ကူညီမယ်ဆိုပြီး အိန္ဒိယ ထိပ်တန်းအရာရှိတဦးက လတ်တလောမှာ ပြောဆိုခဲ့တာက ဒေသတွင်းမှာ တရုတ်ရဲ့  သြဇာကို တန်ပြန်ဖို့ ပြောဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အိန္ဒိယအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံနေတာက လက်တွေ့ကျ တဲ့ ပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူးလို့ လေ့လာသူတွေက ဝေဖန်လိုက်ပါတယ်

တရုတ်နဲ့အားပြိုင်ဖို့ကြိုးစားလာတဲ့ အိန္ဒိယရဲ့ မြန်မာ့အရေးမူဝါဒ

မြန်မာငြိမ်းချမ်းရေး ဖြစ်စဥ်မှာ အိန္ဒိယက ကူညီမယ်ဆိုပြီး အိန္ဒိယ ထိပ်တန်းအရာရှိတဦးက လတ်တလောမှာ ပြောဆိုခဲ့တာက ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာကို တန်ပြန်ဖို့ ပြောဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အိန္ဒိယ အစိုးရအနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ တဖက်သတ် ထိတွေ့ ဆက်ဆံနေတာက လက်တွေ့ကျ တဲ့ ပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူးလို့ လေ့လာသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗစ်ခရမ် မစ်ဆရီ (Vikram Misri) တက်ရောက်ခဲ့သလို အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အဲဒီရက်မတိုင်ခင်ကလည်း သီးခြားတွေ့ဆုံခဲ့တာပါ။ တရုတ်နဲ့ အားပြိုင်နေတဲ့ အိန္ဒိယရဲ့ မြန်မာ့အရေး ခြေလှမ်းတွေ အပေါ် သုံးသပ်ချက်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG