သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာနိုင်ငံမှာ သေဒဏ်ပေးခံထားရတဲ့ ရေတပ်အရာရှိဟောင်းတွေပြန်လွှတ်ရေး အိန္ဒိယအစိုးရကတိပေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar

အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံက တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အိန္ဒိယရေတပ်အရာရှိဟောင်းရှစ်ဦးကို ပြန်လွှတ်ပေးရေး အလုံးစုံကြိုးပမ်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့ (အောက်တိုဘာ ၃၀) မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စီရင်ချက်ချမှတ်ခဲ့တဲ့အပေါ် တုန်လှုပ်မိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရေတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့မိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီး Subrahmanyam Jaishankar ကလည်း ကာတာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ကိစ္စဟာ နိုင်ငံအတွက် အရေးတကြီးဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကာတာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အရာရှိဟောင်းရှစ်ဦးနဲ့ ပတ်သက်လို့ အိန္ဒိယသတင်းမီဒီယာတွေကဖေါ်ပြထားရာမှာတော့ သူတို့တွေဟာ စစ်သင်္ဘောတွေကို ကွပ်ကဲခဲ့တဲ့ ကပ္ပတိန်တွေနဲ့ အဆင့်မြင့်အရာရှိဟောင်းတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လမှာ ဒိုဟာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ကာတာအစိုးရဘက်ကတော့ ဒီစီရင်ချက်အမှုနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
This item is part of
​
XS
SM
MD
LG