သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသထဲ လူလွှတ်မယ့် အိန္ဒိယအစီအစဥ် အောင်မြင်စွာ စမ်းသပ်  


အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO Gagayaan စမ်းသပ်မှုယာဥ်ကို ဒါဝမ်အာကာသစင်တာကနေ လွှတ်တင်စဥ်။ (အောက်တိုဘာ ၂၁၊ ၂၀၂၃)
အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO Gagayaan စမ်းသပ်မှုယာဥ်ကို ဒါဝမ်အာကာသစင်တာကနေ လွှတ်တင်စဥ်။ (အောက်တိုဘာ ၂၁၊ ၂၀၂၃)

အိန္ဒိယနိုင်ငံရဲ့၂၀၂၅ မှာ အာကာသထဲ လူလွှတ်နိုင်မယ့် ဂါဂါညန် (Gaganyaan) လို့အမည်ပေးထားတဲ့အစီအစဥ်ရဲ့ အဓိကစမ်းသပ်မှုတခုကို စနေနေ့က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်နဲ့ စမ်းသပ်နိုင်ခဲ့ပါတယ်။

ရာသီဥတုအခြေအနေကြောင့် လွှတ်တင်မှုကို ပထမ ၄၅ မိနစ်ကြာ ရွှေ့ဆိုင်းခဲ့ရပြီး အင်ဂျင်ပြဿနာကြောင့် တနာရီကျော်ကြာ ထပ်မံ နှောင့်နှေးခဲ့အပြီးမှာ အပြီးသတ်နိုင်ခဲ့ကြောင်း အိန္ဒိယအာကာသ သုတေသနအဖွဲ့ ISRO ကပြောပါတယ်။ စမ်းသပ်တဲ့အထဲမှာ အာကာသဒုံးယာဥ်လွှတ်တင်မှု တစုံတရာချို့ယွင်းလို့ ရပ်တန့်ဖို့ဖြစ်လာခဲ့ရင် အာကာသယာဥ်မှူးတွေကို လွှတ်တင်ယာဉ်ကနေ အရေးပေါ် အမြန်ဆွဲထုတ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လွတ်မြောက်မှုစနစ်ကို စမ်းသပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ အစိတ်အပိုင်းကို စမ်းသပ်ရင်း ကမ္ဘာလေထုအပြင်ဘက် အာကာသထဲကိုလွှတ်တင်ပြီး ကမ္ဘာမြေပေါ်ကို အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်နိုင်ခဲ့ကာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ပြန်လည် ဆယ်ယူနိုင်ခဲ့တယ်လို့ အိန္ဒိယ အာကာသသုတေသနအဖွဲ့ အကြီးအကဲ S. Somanat က ပြောပါတယ်။

ဒီအစီအစဥ်ကနေ လာမယ်နှစ်ထဲမှာ အာကာသထဲကို စက်ရုပ်တရုပ်စေလွှတ်တာအပါအဝင် တခြား လူမပါသေးတဲ့အာကာသ မစ်ရှင်တွေကို လမ်းပွင့်သွားစေတယ်လို့ပါတယ်။ Gaganyaan အာကာသအစီအစဥ်ထဲမှာ မိုင် ၂၅၀ အကွာက ပတ်လမ်းကြောင်းထဲမှာ သုံးရက်ကြာ လှည့်ပတ်နိုင်မယ့် အာကာသယာဥ်မှူး ၃ ဦး လိုက်ပါနိုင်တဲ့ အာကာသယာဥ်ကို တီထွင်ဖို့လည်း ပါဝင်ပါတယ်။

Gaganyaan သာအောင်မြင်ခဲ့ရင် အာကာသထဲမှာ ရေရှည်လူသားတွေနေနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က ပြောပါတယ်။ အိန္ဒိယဟာ ၂၀၄၀ ခုနှစ်မှာ လပေါ်ကို အာကာသယာဉ်မှူးတဦးက ဆင်းသက်နိုင်ဖို့လည်း စီစဉ်နေပါတယ်။

XS
SM
MD
LG