သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရဲ့ အလေးဆုံးနဲ့ နောက်ဆုံးပေါ်ဒုံးပျံ အာကာသကိုလွှတ်တင်


အိန္ဒိယရဲ့ အလေးဆုံးနဲ့ နောက်ဆုံးပေါ်ဒုံးပျံလွှတ်တင်စဉ်
အိန္ဒိယရဲ့ အလေးဆုံးနဲ့ နောက်ဆုံးပေါ်ဒုံးပျံလွှတ်တင်စဉ်

အလေးချိန်သုံးတန်ကျော်ရှိတဲ့ ဆက်သွယ်ရေးဂြိုလ်တုတလုံးကို သယ်ဆောင်သွားတဲ့ အိန္ဒိယရဲ့အလေးဆုံး နဲ့ နောက်ဆုံးဆောက်လုပ်တဲ့ ဒုံးပျံအသစ်ကို နိုင်ငံအရှေ့ဘက် Sriharikota ကျွန်း ကနေ တနင်္လာနေ့ညနေပိုင်းက အာကာသထဲကို အိန္ဒိယ အာကာသသုတေသနအဖွဲ့ The Indian Space Research Organization (ISRO) ကလွှတ်တင်လိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အိန္ဒိယရဲ့မျော်မှန်း ချက်ကြီးမားလှတဲ့ အာကာသအစီအစဉ်အတွက် နောက်ထပ်သမိုင်း မှတ်တမ်းတရပ်ဖြစ်ပြီး ၊အိန္ဒိယ အာကာသယာဉ်မှုးတွေကို အာကာသထဲပို့ဆောင်နိုင်ဖို့ ခြေတလှမ်းတိုး စေခဲ့ပါတယ်။

ခုလို ကမ္ဘာပတ်လမ်း ကြောင်းထဲကို ဂြိုလ်တုတလုံးအောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့တဲ့နေ့ ကတော့ သမိုင်းတင်တဲ့နေ့ပဲလို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ဥက္ကဌ Kiran Kumar ကပြောပါတယ်။ တန်ချိန် ၆၄၀ လေးပြီး ၊ ၁၄၁ ပေ အရှည် ရှိတဲ့ Geosynchronous Satellite Launch Vehicle (GSLV) Mk III ဒုံးပျံ ကတဆင့် အခုလို ဆက်သွယ်ရေးဂြိုလ်တုလွှတ်တင်နိုင်ခြင်းအားဖြင့် ပိုလေးလံတဲ့ ဆက်သွယ်ရေးဂြိုလ်တု ကိုကမ္ဘာပတ်လမ်း ကြောင်းထဲပို့ရာမှာ နိုင်ငံခြားအာကာသ အေဂျင်စီ တွေအပေါ် အိန္ဒိယရဲ့မှီခိုနေမှုကိုလျှော့ကျစေမယ့် အတွက်ကုန်ကျစရိတ်လည်း သိသာစွာသက်သာစေမှာဖြစ်ပါတယ်။

အနာဂတ်မှာလဲ လူလိုက်ပါတဲ့အာကာသခရီးစဉ်တွေနဲ့ နက်နဲတဲ့ အာကာသစမ်းသပ်မှုတွေကိုဦးတည်စေနိုင်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ကလည်း ဒီစွမ်းဆောင်မှု ဟာ နောင်တခေတ် ဒုံးပျံနဲ့ ဂြိုလ်တု လွှတ်တင်နိုင်စွမ်းရှိဖို့ အိန္ဒိယကို ပိုပြီးနီးစပ်လာစေပြီး နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်တဲ့အကြောင်း Twitter မှာရေးသားခဲ့ပါတယ်။

XS
SM
MD
LG