သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနိုင်ငံသားတွေ အနာဂတ်အပေါ် အကောင်းမြင် (Gallup စစ်တမ်း)


ယူကရိန်းနိုင်ငံ Kherson ဒေသက Kakhovka ဆည် ပေါက်ကွဲပြီးနောက် အနီးနားက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေစဉ် (ဇွန် ၆၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ Kherson ဒေသက Kakhovka ဆည် ပေါက်ကွဲပြီးနောက် အနီးနားက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေစဉ် (ဇွန် ၆၊ ၂၀၂၃)

ယူကရိန်းနိုင်ငံသားတွေဟာ စစ်ပွဲကြောင့် သူတို့ရဲ့ စီးပွာရေး၊ ဘဏ္ဍာရေး နဲ့ စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရပေမဲ့လည်း၊ သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အကောင်းမြင်ထားတုန်းပဲ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ Gallup လူထုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ကျူးကျော်စစ်စတင်ချိန်ကစပြီး၊ စစ်ပွဲ နဲ့ပတ်သက်တဲ့ ဖိအားတွေက ယူကရိန်းနိုင်ငံသားတွေ အပေါ်မှာ အကြီးအကျယ်ကျရောက်နေတာဖြစ်ပါတယ်။

အဲဒီထဲမှာ အတော်များများက သူတို့အနေနဲ့ နေ့စဉ်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နေဖို့ စားဖို့ကိစ္စကို မတတ်နိုင်ကြသလို၊ တချို့လူတွေ အတော်များများကလည်း စိတ်ခံစားမှုပိုင်းတွေမှာ မကောင်းတဲ့စိတ်ခံစားမှုတွေကိုကြုံနေရပြီး၊ အထူးသဖြင့် စိတ်ပူပန်ရတာဖြစ်တယ်လို့ ပြောပါတယ်။ယူကရိန်းမှာ လူတွေနေ့စဉ်နေရတဲ့ အခြေအနေဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေပြီး၊ ၃၈ % က ပဲ သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်းနဲ့ ပတ်သက်ပြီး ကျေနပ်ကြပြီး၊ ၆၃ % ကတော့ လူနေထိုင်မှုအဆင့်အတန်ဟာ ပိုပြီးတော့ ဆိုးရွားလာနေတယ်လို့ စစ်တမ်းထဲမှာ ပြောထားပါတယ်။

စစ်တမ်းထဲမှာပါဝင်တဲ့ ၅၃ % ကတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့ နှစ်အတွင်း ကိုယ့်ဘာသာကိုယ် ဒါမှမဟုတ် မိသားစုအတွက် အစားအသောက် မဝယ်နိုင်ခဲ့တဲ့အချိန်တွေရှိခဲ့ပြိး ၊ ၄၈% ကတော့ သူတို့အနေနဲ့ နေစရာနေရာအတွက် မတတ်နိုင်ဘူးလို့ စစ်တမ်းထဲမှာ ပြောထားပါတယ်။
အဲဒီလို အခြေအနေအခက်အခဲကြုံရသူအများစုဟာ ပညာရေးမှာ အလယ်တန်းလောက်သာ သင်ဖူးတဲ့သူတွေဖြစ်ပါတယ်။

စိတ်ခံစားမှုပိုင်းနဲ့ပတ်သက်တဲ့ စစ်တမ်းတွေမှာတော့ မကောင်းတဲ့စိတ်ခံစားမှုတွေကို ခံစားနေရတာတွေက အတော်များများ ဆက်ရှိနေပြီး၊ အဲဒီထဲမှာ မကြာခဏဆိုသလို အများဆုံးကြုရတာက စိတ်ပူပန်မှုဖြစ်ပြီး ၅၃% ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ဝမ်းနည်းစိတ်မကောင်းဖြစ်တာက ၃၉ %၊ စိတ်ဖိစီးတာက ၃၂ % နဲ့ ဒေါသထွက်တာ့ ၂၂ % ရှိတယ်လို့ဖော်ပြပါတယ်။

XS
SM
MD
LG