သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်ခိုက်မှု စစ်ကောင်စီတုံ့ပြန်ချက် 


၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ (အောက်တိုဘာ ၂၇၊ ၂၀၂၃)
၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြေညာ (အောက်တိုဘာ ၂၇၊ ၂၀၂၃)

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာတွေအပေါ် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်နေတာဟာ အဲဒီအဖွဲ့တွေနဲ့ပတ်သက်တဲ့ လောင်းကစားမှုတွေကို စစ်တပ်က ဖမ်းဆီးခဲ့လို့ဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။ ဒီနေ့တိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့လည်း စစ်ကောင်စီပြောခွင့်ရက VOA ကိုအတည်ပြုပါတယ်။ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မမေခ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်လို့မေးချင်တာပါ။ ကျမတို့ကြားသလောက် ချင်းရွှေဟော် ကျသွားတယ်လဲပြောတယ်။ နောက်တခုက နေရာ ၇ နေရာမှာ ညီနောက် ၃ ဖွဲ့ဝင်တိုက်တယ် ပြောတယ်။ ဒီအပေါ်မှာ ဗိုလ်ချုပ်တို့ဘက်က ဘယ်လိုများတုံပြန်ချင်ပါလဲ။

ဖြေ။ ။ ဒီနေ့မနက်ပိုင်းမှာ ချင်းရွှေဟော်ရယ်၊ လောက်ကိုင်ရဲ့နောက်ဘက်ခြမ်း၊ သိန္ဒီနားလေးတဝိုက်ရယ်၊ လားရှိုးရဲ့ရှေ့ဘက်ခြမ်းရယ်မှာတော့ ကျနော်တို့တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားခဲ့တာရှိတယ်။ အဲချင်းရွှေဟော်မှာကတော့ ချင်းရွှေဟော်ထဲမှာရှိတဲ့ဖောင်ဆိပ်နေရာ၊ နယ်စပ်ကုန်သွယ်ရေးဖွင့်ထားတဲ့နေရာရယ် ပြီးရင်တော့ အပေါ်ဘက် ကတာပ တံတားနေရာတွေကိုတိုက်ခိုက်ခဲ့တာရှိတယ်။ အဲမှာတော့ကျနော်တို့ဖောင်ဆိပ်နေရာမှာတော့ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ ပြည်သူ့စစ်တွေကျဆုံးခဲ့တာရှိတယ်။ တာပ ဘက်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေကျဆုံးခဲ့ တာရှိတယ်။ ပြီးရင်ချင်းရွှေဟော်မြို့ထဲဝင်ပြီး အရင်ကိုးကန့်ဒေသ ခေါင်းဆောင်ဖြစ်တဲ့ ဦးပယ်ဆောက်ချိန်ရဲ့ ဟိုတယ်ကို ဝင်တာရှိတယ်။ ဝင်ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို နမ့်တစ် ဘက်ကိုဖမ်းဆီးခေါ် ဆောင်သွားတာရှိတယ်။ နမ့်တစ်ဆိုတာ ဝ အထူးဒေသဖြစ်တယ်။ ဝ အထူးဒေသ ၂ ထဲကိုခေါ်သွားတာရှိတယ်။ အရပ်သားတွေပြန်လွှတ်ပေးဖို့ ဝ ဒေသဘက်ကိုဆက်သွယ်တောင်းဆိုနေတာရှိတယ်။ ပြီးရင်တော့ လောက်ကိုင်ရဲ့ အနောက်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ တပ်မတော်စခန်းတွေအနေနဲ့ကျဆုံးခဲ့ခြင်းမရှိဘူး။ လုံခြုံ ရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်စခန်း ၂ခုကျဆုံးခဲ့တာရှိတယ်။ ဒီလောက်ကိုင်ရယ်ကျနော်တို့ လောက် ကိုင်ရယ်၊ ချင်းရွှေဟော်ရယ်၊ ကွမ်လုံရယ်၊ ကွမ်လုံအရှေ့ဘက်ခြမ်းဘက်မှာတော့ ကျနော်တို့ MNDAA အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်။ သိန္ဒီအနီးတဝိုက်နဲ့ လားရှိုးအရှေ့ဘက်မှာရှိတဲ့ လုံခြုံရေးနေရာတချို့ကိုတော့ TLNA နဲ့ AA ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တော့ သတင်းရရှိခဲ့တယ်။ တပ်မတော်စခန်းကျဆုံးတာမရှိသေးဘူး။ ခု လောလောဆယ်မှာတော့ ချင်းရွှေဟော်နဲ့ကွမ်လုံရဲ့ ကြားထဲမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးတချို့နေရာတွေမှာ MNDAA အဖွဲ့ တွေ ဝင်ရောက်နေတယ်ဆိုတာတော့ သိရတယ်။ ခုချိန်ထိကတော့ချင်းရွှေဟော်နဲ့ လောက်ကိုင် အနောက်ဘက်ခြမ်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်။

မေး။ ။ လက်ရှိတိုက်ပွဲတွေဖြစ်လာတဲ့အပေါ်ဗိုလ်ချုပ်တို့ဘက်က ဘယ်လိုသဘောထားမျိုးရှိပါလဲရှင့်။

ဖြေ။ ။ ကျွန်တော်တို့ဘက်က နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိတယ်။ MNDAA အဖွဲ့က ၂၀၁၅ လောက်ကိုင်မှာ ဒီလိုမျိုးဆောင်ရွက်ခဲ့တာရှိတယ်။ ဆောင်ရွက်ခဲ့ပြီး ခုချိန် မှာနောက်ထပ်တကြိမ်ဆောင်ရွက်လာတာမျိုးဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က ချင်းရွှေဟော်သည်နယ်စပ်ဒေ သမြို့ဖြစ်တဲ့အတွက် လုံခြုံရေးအရလုပ်ရကိုင်ရတာကန့်သတ်ချက်တွေတော့ရှိတယ်။ သို့သော်အခြေအနေတွေ ကိုပြန်လည်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိတယ်။ ချင်းရွှေဟော်မှာရှိတဲ့ တပ်စခန်းတွေကတော့ကျဆုံး ခြင်းမရှိဘူး သို့သော် ခုချိန်ထိတော့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်။ ကျွန်တော်ပြောလိုတာကတော့ နယ်စပ် ဒေ သတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နဲ့မြန်မာနဲ့ အမြဲတမ်းပူးပေါင်းဆောင်ရွက်နေချိန်မှာ ဒီလိုသောင်းကျန်း သူတွေအနေနဲ့ လာရောက်တိုက်ခိုက်ခြင်းဖြစ်တယ်။

မေး။ ။ ဒီအဖွဲ့တွေနဲ့ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်နေတာကကောဘယ်လိုများဆက်ဖြစ်သွားမလဲရှင့်။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့က ဒီငြိမ်းချမ်းရေးမှာတော့ အားလုံးကိုကမ်းလှမ်းပြီးသားဖြစ်တယ်။ သို့သော်ဒီ အဖွဲ့တွေအနေနဲ့က တရုတ်မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေး၊ တရုတ်မြန်မာနယ်စပ်ဒေသကုန်သွယ်ရေးကို အဓိကထားပြီး တိုက်ခိုက်လာတယ်လို့မြင်တယ်။ နောက်တခုကတော့ ဒီရက်ပိုင်းအတွင်းမှာကျွန်တော်တို့အနေနဲ့ အွန်လိုင်းကနေ ငွေလိမ်တဲ့လောင်းကစားမှု လုပ်နေတဲ့ အွန်လိုင်းကနေ မတရားမှုတွေဆောင်ရွက်နေတဲ့ အဖွဲ့တွေ ကို တရုတ်မြန်မာ ၂နိုင်ငံပူးပေါင်းပြီးတော့ အထူး စစ်ဆင်ရေးတရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဆောင် ရွက်ခဲ့ချိန်မှာ ဒီ MNDAA တို့ပြီးရင် TNLA တို့ရဲ့ တချို့သော လောင်းကစားမှုတွေကိုဖမ်းဆီးရမိတာရှိတယ်။ ဒီကိစ္စတွေနဲ့ဆက်စပ်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

XS
SM
MD
LG