သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ရှိ 


မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဖို့ စောင့်ဆိုင်းနေကြသူတွေ (အောက်တိုဘာ ၃၁၊ ၂၀၂၃)
မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဖို့ စောင့်ဆိုင်းနေကြသူတွေ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီကနေ့ပဲ ရောက်လာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နေ့ချင်းပြန် ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး၊ ဘယ်သူဘယ်ဝါ ဆိုတာတွေကို စစ်ဆေးအတည်ပြုမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ရေးရာ ဒုတိယကော်မရှင်နာမင်းကြီး Shamsud Douza ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။ ၂ နိုင်ငံ နယ်စပ်က Teknaf မြို့ကို ဒီကနေ့ပဲ ရောက်လာတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ နောက်နေ့မှာ တခေါက်ပြန်လာမယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက ၃ ထောင်ကို ကနဦး စမ်းသပ်အစီအစဉ်အဖြစ် မြန်မာနိုင်ငံက ပြန်လက်ခံဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြီးခဲ့တဲ့ ဧပြီလထဲ သဘောတူထားတဲ့ အစီအစဉ်အရ ပြန်လည်လက်ခံမှာ ဖြစ်ပေမဲ့ ရိုဟင်ဂျာတွေဖက်ကတော့ နေရပ်ပြန်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ နိုင်ငံသား အခွင့်အရေး အပါအဝင် အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံမှုအတွက် အာမခံချက် ရှိမှသာ နေရပ်ပြန်ဖို့ လိုလားနေကြတာပါ။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်တာမျိုး ဖြစ်ဖို့လိုတယ်လို့ ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG