သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာ ၂၀ ခန့် ထိခိုက်


ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာ ၂၀ ခန့် ထိခိုက် (photo courtesy: Thai Police)
ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာ ၂၀ ခန့် ထိခိုက် (photo courtesy: Thai Police)

ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာ ၂၀ ခန့် ထိခိုက်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖွန်ခရိုင်နဲ့ ပရာကျွတ် ခီရီခန်ခရိုင်၊ ဘန်ဆာဖန်နွယ် မြို့နယ်အစပ်မှာ တရားမဝင် မြန်မာတွေသယ်ဆောင်လာတဲ့ ကားတစီးဟာ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံပဲ မောင်းပြေးရာကနေ ကားတိမ်းမှောက်ပြီး ကားပေါ်ပါလာသူအားလုံးနီးပါး ဒဏ်ရာတွေရခဲ့ပြီး ဆေးရုံ ၄ ခုကိုပို့ ကုသနေရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖွန်ခရိုင်နဲ့ ပရာကျွတ်ခီရီကန်ခရိုင် ဘန်ဆာဖန်နွယ်မြို့နယ်အစပ်မှာ တရားမဝင်မြန်မာတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ခဲ့တာပါ။ လူကုန်ကူးသူတွေ ခေါ်လာပြီး ထိုင်းမလေးနယ်စပ်ထိသွားဖို့ စီစဉ်ထားပေမယ့် ချုံဖွန်ခရိုင်ထဲက စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင်ရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်းအလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။

" ထိုင်းနိုင်ငံ Chumphon ချုံဖွန်ခရိုင်ထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး မြန်မာအလုပ်သမားတွေတင်လာတဲ့ ကားဟာ နိုဝင်ဘာလ ၁ ရက်နေ့က တိမ်းမှောက်ပြီး တရားမဝင် မြန်မာ ၁၈ ယောက်နဲ့ ထိုင်းကားမောင်းသမားတဦး ဒဏ်ရာရပါတယ်။ အဲဒီကားက လုံခြုံရေးတပ်ဖဲွတွေရဲ့ စစ်ဆေးမှုကိုမခံပဲ မောင်းပြေးတာကြောင့် တိမ်းမှောက်တာဖြစ်တယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကလေးတဦးအပါအဝင် မြန်မာအမျိုးသား ၈ ဦး နဲ့ အမျိုးသမီး ၁၀ ဦးပါတယ် အားလုံး ၁၈ ဦး ဒဏ်ရာရပါတယ်။ ထိုင်းယာဉ်မောင်းတဦး ဒဏ်ရာရပါတယ်။ "

ဒီလိုယာဉ်တိမ်းမှောက်မှုတွေက မကြာခန ဖြစ်နေပြီး ၂၀၂၃ နှစ်စကနေ ၁၀ လအတွင်း မြန်မာအလုပ်သမား ၁၀ ဦးလောက် သေဆုံးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

" ၂၀၂၃ ထဲမှာ ဒီလိုယာဉ်တိမ်းမှောက်မူ့က ၅ မှုထက်မနည်းဖြစ်တယ် သေဆုံးသူက ၁၀ ဦးဝန်းကျင်ရှိတယ် ဒဏ်ရာရသူ အားလုံးပေါင်းရင် ၁၀၀ လောက်ရှိတယ်။ များသောအားဖြင့် ထိုင်းတောင်ပိုင်း ချုံဖွန် အခုဖြစ်စဉ်လိုပေါ့ ကပ်ရက်က ပရာကျွတ်ခီရီကန် နကွန်စီဌာမရတ် အဲဒီနေရာတွေမှာ ဖြစ်တယ်။ "

တိုက်ရိုက် လင့်ခ်

ယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်အတွင်း ဒဏ်ရာအပြင်းအထန် ရရှိသူေတွကိုတော့ ဆလုံမြို့နယ်၊ သာဆာဆေးရုံနဲ့ အမ်မရစ်ဆေးရုံမှာ ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ ချုံဖွန်ခရိုင် ရဲတပ်ဖဲွ့ပြောပါတယ်။ ဒီကားသမားဟာ ရာချန်ဘူရီခရိုင်ကနေ နခွန်စီဌာမရတ်ခရိုင် ထဲကို ပထမအကြိမ်အဖြစ် တရားမဝင် အလုပ်သမား ပို့ဆောင်တုန်း ကားတိမ်းမှောက်ခဲ့တာလို့လည်း ဆိုပါတယ်။ ယာဥ်မောင်းနဲ့ တရားမဝင် လုပ်သားတွေကို တရားဥပဒေအရ ဆက်လက်အရေးယူမယ်လို့ ထိုင်းရဲမှူးချုပ် ပနုဒက် နဖာသာလန်းက ပြောပါတယ် ။

XS
SM
MD
LG