သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာရာဇဝတ်မှုတွေ တရုတ်နိုင်ငံနှိမ်နင်းမှု ကျွမ်းကျင်သူတွေ မေးခွန်းထုတ် 


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို တရုတ်နိုင်ငံက နှိမ်နင်းရာမှာ လူပေါင်းထောင်ချီ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ထိရောက်မှု မရှိသေးဘူးလို့ ကျွမ်းကျင်သူတချို့က ထောက်ပြကြပါတယ်။ အွန်လိုင်းရာဇဝတ်မှုတွေအတွက် သံသယရှိသူတွေကို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံက အာဏာပိုင်တွေ ဖမ်းဆီးမှုတွေ အကြီးအကျယ် လုပ်ခဲ့ရာက လုပ်ငန်းတချို့ရပ်ဆိုင်းသွားပေမဲ့ ရာဇဝတ်ဂိုဏ်းတွေ အမြစ်ပြတ်အောင် မလုပ်နိုင်သေးဘူးလို့ အကဲခတ်တွေ သုံးသပ်နေကြတာပါ။

အရှေ့တောင်အာရှ တလွှားမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ တွင်တွင်ကျယ်ကျယ် လှုပ်ရှားနေတာဟာ တရုတ်အစိုးရအတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်နေရတယ်လို့လည်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုက နိုင်ငံဖြတ်ကျော်တဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ ကျွမ်းကျင်သူ Jason Tower က AP သတင်းဌာနကို ပြောပါတယ်။ ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ Thitinan Pongsudhirak ကလည်း ရေရှည်မဆောင်ရွက်နိုင်သမျှ ရာဇဝတ်မှုတွေ အမြစ်ပြတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေက ဥပဒေစိုးမိုးမှု အားနည်းတဲ့ ဒေသတွေမှာ အခြေစိုက်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်းနိုင်ငံက လူငယ်လူရွယ် အများစု အပါအဝင် အလုပ်အကိုင် ရှာဖွေသူတွေကို မက်လုံးပေး ဆွဲဆောင်ပြီး ဆိုက်ဘာရာဇဝတ်လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေနေတာပါ။ တရုတ်နိုင်ငံသားတွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေက လူတော်တော်များများ ရာဇဝတ်ဂိုဏ်းတွေရဲက သားကောင်ဖြစ်ကြရတဲ့ သတင်းတွေထွက်ပေါ်လာရာက မကြာသေးခင်ကစပြီး တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ ပူးပေါင်းပြီး နှိမ်နင်းမှုတွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG