သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသား ထိခိုက်သေကျေမှုအတွက် တရုတ်အစိုးရကန့်ကွက်


ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေးတိုးမြှင့် (နိုဝင်ဘာ ၁၊ ၂၀၂၃)
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေးတိုးမြှင့် (နိုဝင်ဘာ ၁၊ ၂၀၂၃)

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပစ်ခတ်ရာကနေ တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်လို့ လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံဘက်က ဒီကနေ့ ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေတဲ့ အကြောင်း၊ လက်နက်ကိုင်တိုက်ပွဲတွေ အရှိန်အဟုန်ပြင်းထန်လာပြီး တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့ ဒီကိစ္စမှာ ပါဝင်ပတ်သတ်သူအားလုံးကို တရုတ်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ပြောပါတယ်။ တရုတ်နပ်စပ်နားမှာ နေထိုင်ကြသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် နောက်တကြိမ် ထပ်ပြီး မဆုံးရှုံးရအောင် စစ်ပွဲတွေ ချက်ချင်း​ရပ်ဆိုင်းဖို့နဲ့ ကိုယ့်နိုင်ငံသားတွေ ဘေးအန္တရယ် မကျရောက်အောင် ကာကွယ်စောင့်ရှောက် သွားမယ်ဆိုပြီးတော့လည်း Wang Wenbin က ပြောဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ကစတင်တဲ့ ကိုးကန့်၊ တအောင်းနဲ့ ရက္ခိုင် ညီနောင် မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေး အတွင်း ရှမ်းပြည်နယ်အတွင်းက စစ်စခန်းနဲ့ မြို့တွေကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ပြီးခဲံတဲ့ စနေနေ့တုန်းကတော့ မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ ပစ်မှတ်ကိုကျော်လွန်ပြီး တရုတ်နယ်စပ်ကိုကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသားတဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ Asia Times သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG