သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုးပဲ့အိပ်မက်များ ရုပ်ရှင်နမူနာပြပွဲ


ဘန်ကောက်မြို့ အနုပညာနဲ့ ယဥ်ကျေးမှု စင်တာက Sea Junction ရုံးခန်းမှာပြသတဲ့ "ကျိုးပဲ့အိပ်မက်များ" ရုပ်ရှင်နမူနာပြပွဲ (Photo: VOA)
ဘန်ကောက်မြို့ အနုပညာနဲ့ ယဥ်ကျေးမှု စင်တာက Sea Junction ရုံးခန်းမှာပြသတဲ့ "ကျိုးပဲ့အိပ်မက်များ" ရုပ်ရှင်နမူနာပြပွဲ (Photo: VOA)

ကျိုးပဲ့အိပ်မက်များ ရုပ်ရှင်နမူနာပြပွဲ

Broken Dreams “ကျိုးပဲ့အိပ်မက်များ” လို့အမည်ပေးထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ခံစားကြုံတွေနေရတဲ့ အခြေအနေတွေနဲ့ တရားမျှတမှုအတွက် တောင်းဆိုသံတွေကို ရိုက်ကူး တင်ပြထားတဲ့ ရုပ်ရှင် နမူနာပြသပွဲကို ဘန်ကောက်မြို့ အနုပညာနဲ့ ယဥ်ကျေးမှု စင်တာက Sea Junction ရုံးခန်းမှာ နို၀င်ဘာလ (၁၁) ရက်နေ့ ညနေ ၄နာရီကနေ ၇ နာရီထိ ဧည့်သည်တချို့ကို ဖိတ်ကြား ပြသခဲ့ပါတယ်။

ဘန်ကောက်မြို့ Sea Junction ရုံးခန်းမှာပြသတဲ့ "ကျိုးပဲ့အိပ်မက်များ" ရုပ်ရှင်နမူနာပြပွဲ (Photo: VOA)
ဘန်ကောက်မြို့ Sea Junction ရုံးခန်းမှာပြသတဲ့ "ကျိုးပဲ့အိပ်မက်များ" ရုပ်ရှင်နမူနာပြပွဲ (Photo: VOA)

၂ နာရီ အချိန်ကြာမြင့်မယ့် ဒီရုပ်ရှင်မှာ ချစ်ခင်သူတွေ ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေ၊ ထိတ်လန့် တုန်လှုပ်စရာဖြစ်ရပ်တွေ၊ အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ် မှုများကြောင့် မျိုးဆက်လိုက် ဂယက်ရိုက် ထိခိုက် သက်ရောက်မှုတွေ၊ တိုင်းရင်းသား ဒုက္ခသည်တွေရဲ့ ရုန်းကန်နေကြရတဲ့ အခြေအနေတွေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ ဖိနှိပ်တားဆီးခံနေရတဲ့ အခြေအနေတွေကို ရိုက်ကူး တင်ပြထားတဲ့ ဇာတ်လမ်းတို ၉ ပုဒ် ပါ၀င်ပါတယ်။

ဘန်ကောက်မြို့ အနုပညာနဲ့ ယဥ်ကျေးမှု စင်တာက Sea Junction ရုံးခန်းမှာပြသတဲ့ "ကျိုးပဲ့အိပ်မက်များ" ရုပ်ရှင်နမူနာပြပွဲ (Photo: VOA)
ဘန်ကောက်မြို့ အနုပညာနဲ့ ယဥ်ကျေးမှု စင်တာက Sea Junction ရုံးခန်းမှာပြသတဲ့ "ကျိုးပဲ့အိပ်မက်များ" ရုပ်ရှင်နမူနာပြပွဲ (Photo: VOA)

လိပ်ပြာ၊ မှောင်ရိပ်မှာနေကြသူများ၊ အာဏာရူးသန့်စင်ခန်း၊​ ပျိုးပင်ကလေးသို့၊ အိမ်၊ ၀ိဉာဥ်နှစ်စုံ၊ မ−(သို့) အငြင်းရှေ့ဆက်၊ Dark Tangle၊ သံသရာ စတဲ့ အမည်ပေးထားတဲ့ ဇာတ်လမ်းတိုတွေ ပါ၀င်ပြီး ပြည်ပမှာ တိမ်းရှောင် တိုက်ပွဲ၀င်နေကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါ၀င်ရိုက်ကူး ထားကြပါတယ်။ ဒီရုပ်ရှင်ကို ပရိသတ်တွေဆီ အမြန်ဆုံး တင်ဆက်နိုင်အောင် ကြိုးစားနေကြပါတယ်လို့လည်း ရိုက်ကူးထုတ်လုပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG