သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ကုလသမဂ္ဂရုံး ပစ်ခတ်ခံရမှုကြောင့် သေကျေထိခိုက်


ဂါဇာဒေသမှာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ UN အဆောက်အအုံတခု (ယခင်ပုံဟောင်း) (အောက်တိုဘာ ၂၅၊ ၂၀၂၃)
ဂါဇာဒေသမှာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ UN အဆောက်အအုံတခု (ယခင်ပုံဟောင်း) (အောက်တိုဘာ ၂၅၊ ၂၀၂၃)

အရှေ့အလယ်ပိုင်း ဂါဇာမြို့က ကုလသမဂ္ဂအဆောက်အအုံတိုက်ခိုက်ခံခဲ့ရပြီး လူအများအပြားသေဆုံးခဲ့သလို ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ အဲဒီအဆောက်အအုံမှာ ဘေးလွတ်ရာခိုလုံနေတဲ့ ပါလက်စတိုင်း ဒုက္ခသည် ရာနဲ့ချီ ရှိနေကြောင်း ကုလသမဂ္ဂ ဖွံဖြိုးရေးအေဂျင်စီ (UNDP) က ပြောပါတယ်။

“ ဒီပဋိပက္ခမှာ ကြေကွဲဖွယ်ရာ အကောင်းဆုံးဖြစ်တဲ့ အရပ်သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုတွေ ဆက်ပြီးဖြစ်နေတာကို လက်မခံနိုင်သလို ချက်ချင်းရပ်တန့်ပါ" လို့ UNDP ရဲ့စနေနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

AFP သတင်းဌာနက ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုထဲမှာ- ဂါဇာမြောက်ပိုင်း Beit Lahia မှာ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့နေတဲ့ ကုလသမဂ္ဂအေဂျင်စီ (UNRWA) ကွပ်ကဲနေတဲ့ စာသင်ကျောင်းတကျောင်း ရဲ့အလယ်မှာ ပေါက်ကွဲမီးလောင်ကျွမ်းနေတာတွေကို တွေ့မြင်ကြရပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ထောင်ပေါင်းများစွာဟာ အဲဒီစာသင်ကျောင်းမှာ ခိုလှုံနေကြတာပါ။

ဟားမတ်စစ်သွေးကြွတွေ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းက ဂီတပွဲတော်နဲ့ နယ်စပ်မြို့ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးကတည်းက အစ္စရေးဘက်က လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာကမ်းမြှောင်တလျှောက် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဂါဇာဒေသ ကုလသမဂ္ဂရုံး ပစ်ခတ်ခံရမှုကြောင့် သေကျေထိခိုက်
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG