သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲ (ဖိလစ်ပိုင်သမ္မတ)


ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr.
ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr.

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ အာဆီယံအဖွဲ့အတွက် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာဖြစ်ပြီး အရှိန်မြင့် ဖြစ်ပေါ်လာနေတဲ့ တိုက်ပွဲတွေတိုက်ပွဲတွေ အဆုံးသတ်ရေးကို ဦးတည်စေတဲ့ တိုးတက်မှုမရနိုင်ဘဲ ဖြစ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ သံန္နိဌာန်ချထားပေမယ့် မြန်မာပဋိပက္ခဟာ ခက်ခဲ ရှုပ်ထွေးလွန်းတယ်လို့ အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်မှာပြုလုပ်တဲ့ ညီလာခံတခုအတွင်း သမ္မတ Marcos Jr. က ထည့်သွင်း ပြောကြားခဲ့တာပါ။

မြန်မာ့အရေးကိုဖြေရှင်းဖို့အတွက် အာဆီယံအပေါ် ဖိအားပေးမှုတွေရှိပေမဲ့ ဒီကိစ္စဟာ အင်မတန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ မကြာသေးခင်သီတင်းပတ်တွေအတွင်း ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ စစ်ကောင်စီဟာ သူ့တပ်ဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု ကျဆင်းလာနေတယ်လို့လည်း သမ္မတ Marcos Jr. က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စကလို့ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ တသန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်ဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံအစား အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG