သုံးရလွယ်ကူစေသည့် Link များ

အာဆီယံကာကွယ်ရေးဝန်ကြီးတွေ မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့တိုက်တွန်း 


အင်ဒိုနီးရှားနိုင်ငံ ဂျာကာကာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးအတွင်းတွေ့ရတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာကာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးအတွင်းတွေ့ရတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ စည်း‌ဝေးပွဲအတွင်း မြန်မာ့အကျပ်အတည်းနဲ့ အစ္စရေး-ဟာမတ်စစ်ပွဲ အဆုံးသတ်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့တော့ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း အိမ်ရှင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto (ပါရာဘိုဝို ဆပ်ဘီရန်တို) က အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ဆိုးရွားလာနေတဲ့ အခြေအနေတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ တရားဥပဒေ စိုးမိုးမှုတွေအပြင် သဟဇာတမျှတတဲ့ ရင်ကြားစေ့ရေးဖြစ်ပေါ်လာအောင် အင်ဒိုနီးရှားက ဆက်လက် ကြိုးပမ်းသွားပါမယ်။ မြန်မာနိုင်ငံမှာ လက်ရှိအကြပ်အတည်းက ရုန်းထွက်ပြီး ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” - လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက စည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။

အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို မြန်မာစစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် စစ်ကောင်စီကို ကိုယ်စားပြုတဲ့ မြန်မာကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားခြင်းမရှိပါဘူး။ နောက်နေ့တွေမှာတော့ အာဆီယံ ကာကွယ်ရေးဝန်ကြီးနဲ့ မဟာမိတ်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်အပါအဝင် အာဆီယံနဲ့ ဆွေးနွေးဘက် ၈ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေရဲ့စည်းဝေးပွဲကို ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG