သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အာဆီယံ ၅ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မည်


အာဆီယံပူးပေါင်းစစ်ရေးလေ့ကျင့်မှုအခမ်းအနားတခုမှာမြင်ရတဲ့ အင်ဒိုနီးရှားစစ်သားများ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
အာဆီယံပူးပေါင်းစစ်ရေးလေ့ကျင့်မှုအခမ်းအနားတခုမှာမြင်ရတဲ့ အင်ဒိုနီးရှားစစ်သားများ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

အရှေ့တောင်အာရှ ၅ နိုင်ငံနဲ့ ပူးတွဲပြီး တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မဲ့အကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဒီနေ့ပဲ ဖော်ပြလိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ဒီလလယ်ကနေ လကုန်ပိုင်းအထိလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား နိုင်ငံတွေ ပါဝင်မယ်လို့လည်း ဖော်ပြခဲ့တာပါ။

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေး ကိစ္စတွေကို အဓိက အာရုံစိုက်မယ်လို့လည်း သတင်းက ဖော်ပြပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတချို့နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုတွေ၊ ထိုင်ဝမ်ကျွန်းနဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG