သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကမ်းစောင့်ရေယာဉ်တွေ အန္တရာယ်ဖြစ်လောက်အောင်ပြုမူလို့ ဖိလစ်ပိုင်ပြော


ဖိလစ်ပိုင်ကမ်းစောင့်တပ်သင်္ဘောအနီးတွေ့ရတဲ့ တရုတ်ကမ်းစောင့်တပ်သင်္ဘော၊ နိုဝင်ဘာ ၁၀၊ ၂၀၂၃
ဖိလစ်ပိုင်ကမ်းစောင့်တပ်သင်္ဘောအနီးတွေ့ရတဲ့ တရုတ်ကမ်းစောင့်တပ်သင်္ဘော၊ နိုဝင်ဘာ ၁၀၊ ၂၀၂၃

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရေယာဉ်တွေနဲ့ နောက်ထပ် ထိပ်တိုက်တွေ့ခဲ့မှုအပေါ် ဖိလစ်ပိုင် ကမ်းရိုးတမ်းစောင့် တာဝန်ရှိသူတွေ တရုတ်ကို အပြစ်တင်လိုက်ပါတယ်။ ရေနယ်နိမိတ်အငြင်းပွားနေတဲ့ နေရာမှာ တရုတ်ကမ်းရိုးတမ်းစောင့်တပ်သင်္ဘောနဲ့ အရံရေယာဉ်တွေဟာ သောကြာနေ့က အန္တရာယ်ဖြစ်လောက်အောင် လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းရိုးတမ်းစောင့်တပ်ရဲ့ တပ်မှူးကြီး ရေတပ်ဗိုလ်ချုပ်ကြီး Gil Gavan ကဒီနေ့ပြောကြားပါတယ်။

ပိုက်နက်အငြင်းပွားနေတဲ့ Second Thomas Shoal နေရာမှာ ကျောက်ချထားတဲ့ ဖိလစ်ပိုင်စစ်သင်္ဘောဆီ ရိက္ခာသွားပို့တဲ့သင်္ဘောကို တရုတ်ကမ်းရိုးတမ်းစောင့်တပ်သင်္ဘောက မီးသတ်ပိုက်ထိုးခဲ့တဲ့ ဗွီဒီယိုပုံကို လည်း ဖိလစ်ပိုင်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ဖက်ကတော့ တရုတ်အချုပ်အခြာပိုင်နက်ထဲကို ဖိလစ်ပိုင်ထောက်ပို့သင်္ဘောဝင် ရောက်လာတဲ့ အတွက် ရေကြောင်းဥပဒေနဲ့အညီ သင့်တော်သလို တုံ့ပြန်ကာကွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG