သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက တိုက်ပွဲဖြစ်တဲ့နေရာတွေရှောင်ဖို့ သူ့နိုင်ငံသားတွေကို တရုတ်သတိပေး


သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin (မေ ၉၊ ၂၀၂၃)
သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin (မေ ၉၊ ၂၀၂၃)

မြန်မာနိုင်ငံက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ နယ်မြေတွေကို ရှောင်ရှားဖို့ တရုတ်အစိုးရက သူ့နိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနေရာက နယ်စပ်ဒေသမှာ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးလိုက်တာပါ။ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်ဒေသမှာ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေကျေမှုတွေ ရှိခဲ့တဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကပဲ ကန့်ကွက်ထားပါတယ်။ တရုတ်နိုင်ငံ နယ်စပ်ဒေသမှာ နေထိုင်သူတွေ အသက်အိုးအိမ် မဆုံးရှုံးရအောင် စစ်ပွဲတွေရပ်ဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က မနေ့ကပဲ ပြောခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ TNLA တအောင်းပလောင် MNDAA ကိုးကန့် နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ KIA တပ်ဖွဲ့တွေ ကရင်ပြည်နယ်မှာ KNU တပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာရသူတွေ တိုးလာတဲ့ အပေါ်မှာလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG