သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်း ၁၆၀ ကျော် ဒီရက်ပိုင်းအတွင်း ကယ်နိုင်မည်" - ထိုင်းဒုရဲချုပ်

ထိုင်းနိုင်ငံ ဒုရဲချုပ် Surachate Hakparn ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာစစ်ကောင်စီဘက်က လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက လက်ခံတွေဆုံ (နိုဝင်ဘာ ၇၊ ၂၀၂၃)

မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းနိုင်ငံ ဒုရဲချုပ် Surachate Hakparn ဦးဆောင်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ DSI အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ဝင်တွေပါတဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နိုင်ဖို့ အတွက် ဆွေးနွေးညိနှိုင်းခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်ဘက်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၀ကျော်ကို ဒီရက်ပိုင်းမှာပဲကယ်ဆယ်နိုင်မှာဖြစ်တယ်လို့ ထိုင်းဒုရဲချုပ်ကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို ကယ်ထုတ်နိုင်ဖို့ ရန်ကုန်ရောက်ရှိလာတဲ့ ထိုင်းဒုရဲချုပ်နဲ့အဖွဲ့ကို မြန်မာ စစ်ကောင်စီဘက်က Minister of Social Affairs လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက လက်ခံ တွေဆုံခဲ့ပါတယ်၊ ထိုင်းဒုရဲချုပ် Surachate Hakparn က ဆွေးနွေးပွဲအပြီးမှာသတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

အဓိက ဆွေးနွေးတာကတော့ ထိုင်းနိုင်ငံသားတွေကိုအဆင်ပြေချောမောစွာ ပြည်တော်ပြန်နိုင်ဖို့ မြန်မာနိုင်ငံဘက်ကလဝက လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ လူမှောင်ခိုသမားတွေအကူအညီနဲ့ဝင်ရောက်ခဲ့တာကြောင့် မြန်မာလဝကက ဥပဒေအရ အရေးမယူပဲ ထိုင်းဘက်ကို လွှဲပြောင်းပေးဖို့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဒုရဲချုပ် Surachate Hakparn ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာစစ်ကောင်စီဘက်က လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက လက်ခံတွေဆုံ (နိုဝင်ဘာ ၇၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဒုရဲချုပ် Surachate Hakparn ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာစစ်ကောင်စီဘက်က လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက လက်ခံတွေဆုံ (နိုဝင်ဘာ ၇၊ ၂၀၂၃)

ထိုင်းဒုရဲချုပ်က ဆက်ပြောတာကတော့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်မူ့က အဆင်ပြေ စွာ လုပ်ဆောင်နေပြီဖြစ်တာကြောင့် ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ဒီရက်ပိုင်းအတွင်းမှာ ပြန်လည်ခေါ်ယူလာနိုင်မှာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်၊

မြန်မာနိုင်ငံတွင်းမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ဆိုပြီး အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ TNLA တအောင်းတပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပူးပေါင်း စစ်ဆင်ခဲ့ရာ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်လာနေပြီး အဲဒီဒေသမှာစစ်ကောင်စီ ရဲတပ်စခန်းတွေလည်း အသိမ်းပိုက်ခံနေရပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG