သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် နေထိုင်သူ ၅၄၀၀ ကျော် စစ်ကောင်စီပြန်ပို့


တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသားတွေ ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်
တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသားတွေ ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပေါ်နေချိန်မှာဘဲ မြန်မာနိုင်ငံထဲ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ ပြန်လာကြဖို့ တရုတ်အစိုးရက သတိပေးထားပြီး၊ မြန်မာ စစ်ကောင်စီဘက်ကလည်း ပြန်လည်လွှဲပြောင်းရေး ကိစ္စတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။

တရုတ်-မြန်မာနယ်စပ် ဒေသတွေမှာ တရားမဝင် နေထိုင်သူတွေကို မကြာသေးခင် ရက်ပိုင်းတွေအတွင်း သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်ပေးနေပြီး မနေ့ နိုဝင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့အထိ ၅,၄၀၀ ကျော် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများကို စစ်ဆေးပြီး နေရပ်ပြန်လွှတ်တာတွေ လုပ်ဆောင်ပေးလျက် ရှိပါတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ နယ်စပ်ဒေသ အသီးသီးမှာ ဝင်ရောက်နေတဲ့ တရုတ်အမျိုးသား ၁,၀၉၁ ဦး၊ အမျိုးသမီး ၁၉၇ ဦး၊ စုစုပေါင်း ၁,၂၈၈ ဦးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရကို ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စုစုပေါင်း ၅,၄၀၆ ဦး ရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် တခြား နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး တရုတ်နိုင်ငံကနေတဆင့် ပြန်လည်အပ်နှံတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။"

နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ နယ်စပ်ဒေသမှာ တရားမဝင်လုပ်ငန်းတွေ ပပျောက်စေရေးအတွက် တရုတ်နိုင်ငံ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသတလျှောက် မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်ပြီး အွန်လိုင်း ရာဇဝတ်မှုကျူးလွန်သူတွေကို နှိမ်နှင်း အရေးယူပေးဖို့ တရုတ်နိုင်ငံကလည်း အစောပိုင်းကတည်းက တောင်းဆိုထားပြီး ဖြစ်ပါတယ်။​

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG