သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ ၃၀၀၀၀ ကျော် တရုတ်ကို ဖမ်းပို့ခဲ့


ယခင်မှတ်တမ်းရုပ်ပုံ | အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အင်တာနက် အွန်လိုင်း ရာဇဝတ်မှုနဲ့ သံသယရှိသူ ၃၀၀၀၀ ကျော်ကို မြန်မာနိုင်ငံကဖမ်းဆီးပြီး တရုတ်ကို ပြန်ပို့ခဲ့တယ်လို့ တရုတ်တာဝန်ရှိယူသူတွေက ပြောပါတယ်။

တရုတ်နဲ့မြန်မာ ဥပဒေထိန်းချုပ်ရေးအရာရှိတွေအနေနဲ့ ဒီ အွန်လိုင်း လိမ်လည်မှုတွေကို စက်တင်ဘာလကတည်းက နှိမ်နင်းခဲ့ရာမှာ၊ မြန်မာအာဏာပိုင်တွေကလည်း ဒီသံသယရှိသူပေါင်း ၃၁,၀၀၀ ကို ဖမ်းပြီး တရုတ်ဘက်လွှဲပေးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

အခုလို တရုတ်ဘက်ကို ပြန်လွှဲပို့ခဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားတွေကို လိမ်လည်ခဲ့တဲ့ ဒီရာဇဝတ်ဂိုဏ်းတွေကို ငွေကြေးထောက်ပံ့သူနဲ့ ဦးဆောင်သူ စုစုပေါင်း ၆၃ ဦး ပါဝင်ပြီး၊ ထိရောက်တဲ့ ရလဒ်ထွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရသတင်းမီဒီယာကလည်း၊ ဒီအွန်လိုင်းလိမ်လည်မှုကြီးထဲ သံသယရှိသူ တစ်သိန်းကျော်ဟာ တရုတ်အနောက်တောင်ပိုင်းနဲ့ နယ်စပ်ထိနေတဲ့ မြန်မာနိုင်ငံထဲရှိ လိမ်လည်တဲ့နေရာပေါင်း ၁၀၀၀ ကနေ နေ့စဉ်လိမ်လည်မှုတွေ လုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ရာဇဝတ်ဂိုဏ်းတွေအပေါ် နှိမ်နင်းမှုတွေကို တရုတ်ရဲတပ်ဖွဲ့အနေနဲ့ စက်တင်ဘာထဲက စတင်လုပ်ဆောင်ခဲ့ပြီး၊ ဒီလထဲမှာတော့ ရဲတွေသုံးနှုန်းတဲ့ “ရုတ်တရက် အလျှင်အမြန် ဝင်စီးမှုတွေ” ပါ လုပ်ဆောင်ခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာမှာ ဆက်ဖော်ပြခဲ့ပါတယ်။

မြန်မာဘက်မှာ အဓိကဦးဆောင်လုပ်နေသူတစ်ဦးအနေနဲ့တော့ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ဖမ်းဆီးတာကို တိန်းရှောင်နေစဉ် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့လည်း တရုတ်ရဲတွေက ပြောတာကို ကိုးကားဖော်ပြပါတယ်။ ဒါပေမဲ့ ဒီဂိုဏ်းခေါင်းရဲ့ အဖွဲသား ၃ ဦးကိုတော့ မြန်မာဘက်က ဖမ်းဆီးပြီး တရုတ်ဘက်ကို ပြန်လွှဲပေးခဲ့တယ်လို့ တရုတ်အစိုးရ သတင်းစဉ်မှာ ဆက်ပြောခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG