သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်မှာ ဖမ်းဆီးခိုင်းစေခံခဲ့ရသူ တောင်ကိုရီးယား ၁၉ ဦး ပြန်လည်လွတ်မြောက်


တာချီလိတ်မြို့အထွက် ဆိုင်းဘုတ်
တာချီလိတ်မြို့အထွက် ဆိုင်းဘုတ်

မြန်မာနိုင်ငံက ကုမ္ပဏီတခုမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ တောင်ကိုးရီးယား နိုင်ငံသား ၁၉ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့က တရားမဝင် ကုမ္ပဏီတခုမှာ ချုပ်နှောင်ခံနေရတာကနေ မြန်မာစစ်တပ်နဲ့ ရဲအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့တာလို့လည်း တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဒီကုမ္ပဏီကို မြန်မာရဲတွေက ဝင်ရောက်စီးနင်းပြီးတဲ့နောက် ကယ်တင်ခဲ့တဲ့ ဒီကိုးရီးယားတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ကုန်ကို ဘေးကင်းကင်းနဲ့ လွှဲပြောင်းနိုင်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ထုတ်ပြန်ပါတယ်။

ဒီ ချုပ်နှောင်ထားတဲ့ ကုမ္ပဏီဟာ ဘယ်လို ကုမ္ပဏီမျိုးလဲ၊ ဒီကိုးရီးယားတွေက ဘယ်သူတွေလဲ​ဆိုတာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ဖို့ ငြင်းဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီပြောခွင့်ရကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒီလူတွေကို အမြတ်များများရမယ်လို့ ကုမ္ပဏီက မက်လုံးတွေနဲ့ စွဲဆောင်ခဲ့တာလို့ ကိုးရီးယား ရုပ်သံ KBS က သတင်းထုတ်ပြန်ပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေက နယ်စပ်မြို့တွေမှာ အွန်လိုင်း ရင်းနှီးမြှုပ်နှံဖို့ လိမ်လည်တာတွေ၊ တရားမဝင် ကာစီနိုလောင်းကစားတွေနဲ့ အယောင်ဆောင် ချစ်ခြင်းမေတ္တာဇာတ်လမ်းဖန်တီးတာတွေ အများအပြားဖြစ်လာတာပါ။

အဲ့ဒီအတွက် လူထောင်ပေါင်းများစွာဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရပြီး အွန်လိုင်း အလိမ်အညာ စင်တာတွေမှာ အတင်းအဓမ္မ အလုပ်စေခိုင်းတာခံနေရတယ်လို့ သြဂုတ်လအတွင်း ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG