သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်နဲ့ မြဝတီက ဝန်ထမ်းတွေထွက်ခွာ


KNU
KNU

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေ ထွက်ခွာကြဖို့ မကြာသေးခင်ကပဲ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေးခဲ့ပြီးနောက် ဝန်ထမ်းတွေ တိမ်းရှောင်တာ၊ ပြောင်းရွှေ့တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU တပ်ဖွဲ့တွေ အခြေစိုက် လှုပ်ရှားနေတဲ့ ကရင်ပြည်နယ်ထဲက ကော့ကရိတ်နဲ့ မြဝတီမြို့တွေမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြောင်းရွှေ့နေကြတဲ့ တချိန်တည်းမှာပဲ၊ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေလည်း နေရပ်စွန့်ခွာနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာဒူးပလာယာခရိုင်ထဲက စိုက်ပျိုးရေး၊ ဆည်မြောင်း၊ သစ်တော၊ လျှပ်စစ် နဲ့ စည်ပင် စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ပြောင်းရွှေ့မူတွေဆက်တိုက်လုပ်လာပါတယ် သူတို့တွေဟာ ဌာနဆိုင်ရာတွေမှာနေထိုင်မရဲတော့ပဲ ရပ်ကွက်တွေထဲရွှေပြောင်းနေထိုင်ကြတာတွေလည်းရှိလာတယ်လို့ နယ်စပ်ကဒေသခံတဦးကပြောပါတယ်။

"စကစဘက်ကနေစပြီးတော့ စကစအသိုင်းအဝိုင်းတွေကျောင်းဆရာတွေ ဝန်ထမ်းတွေ စစ်သားတွေ ရဲတွေက တချို့က သူတို့မိဘရပ်ထံမှာကော့ဆွေမျိုးတွေဆီမှာပြောင်းရွှေ့နေထိုင်တာတွေရှိတယ်၊တချို့ဝန်ထမ်းတွေကျတော့ အပြင်မှာထွက်နေတာရှိတယ်။ စစ်တပ်နဲ့နီးစပ်တဲ့နေရာတွေမှာမနေရဲတော့ပဲတခြားဝေးတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်နေတာရှိတယ်"

စကစရဲ့ဌာနဆိုင်ရာဝန်ထမ်းတချို့ဟာ စီဒီအမ်(အကြမ်းမဖက်အာဏာဖီဆန်မူ့တွေလည်းမလုပ်ရဲကြသလို သူတို့ရဲ့လိုင်းခန်းတွေမှာလည်းမနေကြပဲတိမ်းရှောင်မူ့တွေများလာတဲ့အတွက် မိမိတို့ရောက်တဲ့နေရာကနေ အလုပ်တွေကို လုပ်ကြဖို့ကိုလည်း စကစဘက်က ညွှန်ကြားမူ့တွေရှိတယ်လို့လည်း အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာဝန်ထမ်းတဦးလည်းပြောပါတယ်။

ဘားအံဘက်မှာတော့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာအရာရှိများကို သေနတ်ပစ်ခတ် နိုင်တဲ့ သင်တန်းများ မိုင်းအသိပညာပေးသင်တန်းတွေ စစ်ရေးနဲ့သက်ဆိုင်တဲ့သင်တန်းတချို့ပေးနေတဲ့အတွက် စကစလက်အောက်ကဝန်ထမ်းတွေဟာ ပိုပြီးတော့စိုးရိမ်မူတွေတိုးလာနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကစကစဝန်ထမ်းတွေကို သတိပေးချက်ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ဒေသခံလူထုတွေကလည်း စစ်ပဲွတွေဖြစ်လာမှာကို စိုးရိမ်ထိပ်လန့်ပြီးနေရာပြောင်းရွှေ့တာတွေလုပ်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်ကလည်းအခုလိုပြောပါတယ်။

(စကစရဲ့ဝန်ထမ်းတွေရွေ့ ခိုင်းတယ် လေးနေရာပေါ့ စကစ-ဝန်ထမ်းတွေကိုပြောင်းရွေ့ခိုင်းတယ်ဆိုတော့ တချို့လူထုကလည်းကြောက်လန့်ပြီးပြောင်းရွှေ့ ကုန်ကြတယ် ၊ တချို ့ကတော့ နီးစပ်ရာကိုရှောင်ထွက်သွားတာရှိတယ် တချို့ကဘားအံဘက် မြ၀တီဘက်ကိုပြောင်းတာရှိတယ် တချို့ကတော့ပြောင်းရွေ့တာ တချို့ကတော့စောင့်ကြည့်နေတာတွေလည်းရှိတယ်"

အခုဆိုရင် ကေအန်ယူတပ်မဟာ(၆)ထိမ်းချုပ်ရာ ဒူးပလာယာခရိုင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဝေါလေ၊ စုကလိ၊ ကျုံဒိုး ဒေသများနဲ့တပ်မဟာ(၅)ထိမ်းချုပ်ရာ ဖာပွန်ခရိုင်တွေမှာ စစ်ကောင်စီအရပ်ဖက် အုပ်ချုပ်ရေးဌာနနဲ့ လက်အောက်ခံဌာနဆိုင်ရာ ရုံးလုပ် ငန်းများလည်ပတ်မူတွေရပ်ဆိုင်းသလောက်ဖြစ်နေပါတယ်။ ဒီရက်ပိုင်းမှာတော့ ကရင်ပြည်နယ်အတွင်းမှာတိုက်ပဲွတွေကြီးကြီးမားမားဖြစ်လာနိင်တယ်ဆိုပြီး ဒေသခံတွေကော ကုန်သယ်တွေပါ ခရီးသွားလာရေးတွေမှာလည်း ဂရုစိုက်ပြီးသွားလာနေထိုင်နေရပါတယ်။

ကော့ကရိတ်မြို့နယ်တောင်ပိုင်းမှာ ဖွင့်လှစ် ထားတဲ့ ကရင်ပညာရေးကောလိပ် (KTTC)ကျောင်းအနီးကိုလည်းစစ်ကောင်စီတပ်ကဝင်ရောက် တပ်စွဲထားတဲ့အတွက် ကောလိပ်ကျောင်းကို ယာယီပိတ်ထားရတယ်လို့ နယ်မြေခံပညာရေးတာဝန်သူများက ပြောကြားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG