သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COP28 - ကုလ ရာသီဥတုဆိုင်ရာ ညီလာခံ


COP28 ကုလ ရာသီဥတုဆိုင်ရာ ညီလာခံ (ဒီဇင်ဘာ ၁၊ ၂၀၂၃)
COP28 ကုလ ရာသီဥတုဆိုင်ရာ ညီလာခံ (ဒီဇင်ဘာ ၁၊ ၂၀၂၃)

ပြန်လည်ပြုပြင်လို့မရတဲ့ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေ ဟိုးအရင်ထဲက သတိပေးထားတဲ့ အခြေအနေကို အခုရောက်နေပြီလို့ ဗြိတိန် တတိယမြောက် Charles ဘုရင်က သတိပေးလိုက်ပါတယ်။ ဥတုရာသီပြောင်းလဲ ဖောက်ပြန်တဲ့ ဆိုးကျိုးဂယက်တွေကို ကမ္ဘာတဝန်း သူကိုယ်တိုင် မြင်တွေ့နေရတယ်လို့ UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP28 မှာ Charles ဘုရင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

COP28 ကုလ ရာသီဥတုဆိုင်ရာ ညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ ဗြိတိန်ဘုရင် ချားလ်စ် (ဒီဇင်ဘာ ၁၊ ၂၀၂၃)
COP28 ကုလ ရာသီဥတုဆိုင်ရာ ညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ ဗြိတိန်ဘုရင် ချားလ်စ် (ဒီဇင်ဘာ ၁၊ ၂၀၂၃)

အန္တရာယ်ဟာ လက်တကမ်းမှာရောက်နေပါပြီ။ ဓနသဟာရနိုင်ငံတွေမှာသာမက သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ်ခံရလို့ ပြန်ပြီး နာလန်မထူနိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ဖူးပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ဘဝရှင်သန်နေထိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ကြပါတယ်။ ဒီဒဏ်တွေကို ပိုပိုပြီး ခံနေရသူတွေအတွက် လက်တွေ့ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်လို့ ဗြိတိန် Charles ဘုရင်ကပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ COP28 ညီလာခံကနေ ရာသီဥတုဖောက်ပြန်မှုတားဆီးနိုင်ရေး လက်တွေအပြောင်းအလဲတွေကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း Charles ဘုရင်က ညီလာခံမိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု တားဆီးနိုင်အောင်ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတချို့ရှိပေမဲ့ အများကြီးအားထုတ်ကြိုးပမ်းဖို့ လိုနေသေးတယ်လို့လည်း ထောက်ပြသွားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ ထက်မနည်းက နိုင်ငံ့ခေါင်းဆောင်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ COP28 ညီလာခံကို ကြာသပတေးနေ့က စတင်ပြီး သီတင်း ၂ ပတ်ကြာကျင်းပနေပါတယ်။ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်နေတဲ့နိုင်ငံတွေကို ပံ့ပိုးကူညီရေး ရန်ပုံငွေထူထောင်ဖို့ COP28 ညီလာခံအစမှာ သဘောတူညီခဲ့ကြပါတယ်။

COP28 - ကုလ ရာသီဥတုဆိုင်ရာ ညီလာခံ
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG