သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောများ ပင်လယ်နီထဲ တိုက်ခိုက်ခံရ


USS Carney (DDG 64) ကို ဟူသီသူပုန်တွေက ပင်လယ်နီထဲမှာ အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၃ မှာ တိုက်ခိုက်ခဲ့တာကို အမေရိကန်ရေတပ်က ရိုက်ကူးထားပုံ။
USS Carney (DDG 64) ကို ဟူသီသူပုန်တွေက ပင်လယ်နီထဲမှာ အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၃ မှာ တိုက်ခိုက်ခဲ့တာကို အမေရိကန်ရေတပ်က ရိုက်ကူးထားပုံ။

အမေရိကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောအမြောက်အများ ပင်လယ်နီမှာ တနင်္ဂနွေနေ့က အတိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲနဲ့ဆက်နွယ်ပြီး အရှေ့အလယ်ပိုင်းဒေသ ပင်လယ်ရေကြောင်းသွားလာရေးမှာ အဓိကကျတဲ့တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တာကို ပြသလိုက်တာဖြစ်ပါတယ်။

ပင်လယ်နီထဲမှာ အမေရိကန်စစ်သင်္ဘော USS Carney နဲ့ ကုန်တင်သင်္ဘောတွေ အတိုက်ခိုက်ခံရတဲ့သတင်းတွေကို သတိထားမိကြောင်း၊ သတင်းတွေရရှိလာတာနဲ့အမျှ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းတွေကို ပေးမည်ဖြစ်ကြောင်း အေပီသတင်းဌာနကို ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုလို့ သံသယရှိတဲ့ တိုက်ခိုက်မှုနဲ့ပေါက်ကွဲမှုတွေ ပင်လယ်နီမှာဖြစ်ခဲ့တယ်လို့ ဗြိတိသျှစစ်တပ်က အစောပိုင်း ကပြောခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဘယ်ကနေပစ်ခတ်သလဲဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ မပြောပါဘူး။ ဒါပေမဲ့ ယီမင် ဟူသီ (Houthi) သူပုန်တွေက ပင်လယ်နီထဲ သွားလာနေတဲ့သင်္ဘောတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့တာပါ။

ဂါဇာ ကမ်းမြောင်မှာ စစ်ပွဲဆင်နွှဲနေတဲ့ အစ္စရေးနိုင်ငံကိုလည်း ဟူသီသူပုန်တွေက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တတ်ပါတယ်။

XS
SM
MD
LG