သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နိုင်ငံတကာရဲတပ်ဖွဲ့ စစ်ဆင်ရေးဆင်နွှဲ တိုက်ဖျက်နေ


တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)
တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူတွေကို လိမ်ညာကုန်ကူးနေတဲ့ ပြဿနာဟာ အရှေ့တောင်အာရှမှာတင် မဟုတ်တော့ဘဲ တကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီလို့ ရာဇဝတ်မှုတိုက်ဖျက်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL က ပြောကြားလိုက်ပါတယ်။ Operation Storm Makers II လို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးလုပ်ပြီး အာရှနဲ့ တခြားဒေသတွေအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံက တရားဥပဒေစိုးမိုးရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး လူကုန်ကူးသူတွေ လူတွေကို တရားမဝင် ပို့ဆောင်တတ်တဲ့နေရာပေါင်း သိန်းချီကို အောက်တိုဘာလထဲ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ INTERPOL ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အွန်လိုင်းနဲ့ တယ်လီဖုန်းပေါ်ကနေ ငွေလိမ်ညာတဲ့ လုပ်ငန်းတွေမှာ လုပ်ဖို့ မလေးရှားနိုင်ငံကလူတွေကို ဝင်ငွေကောင်းအလုပ်ရမယ်ဆိုပြီး ပီရူးနိုင်ငံကို လိမ်ညာကုန်ကူးခံရတာကို ထုတ်ပြန်ချက်မှာ ထောက်ပြပြီး လိမ်ညာ လူကုန်ကူးမှုတွေဟာ အာရှကနေ တောင်အမေရိကတိုက်အထိ ပျံ့နှံ့နေပြီလို့ မီးမောင်းထိုးပြထားပါတယ်။ ဒါတင်မက အာဖရိကတိုက် ယူဂန်ဒါက လူတော်တော်များများကို ဒူဘိုင်းမှာ အလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်သွားပြီး ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို ပို့ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းပေးမှုတွေလည်း အောက်တိုဘာလထဲမှာ ရရှိခဲ့တယ်လို့ INTERPOL ကပြောပါတယ်။

အဲဒီလို ကုန်ကူးခံရသူတွေကို လက်နက်ကိုင်တွေရဲ့ စောင့်ကြပ်မှုအောက်မှာ ဘဏ်တွေကနေ ငွေ လိမ်ညာယူတဲ့ နည်းလမ်းတွေကို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက သင်ပေးခဲ့တယ်လို့ ပြောပါတယ်။ မြန်မာတနိုင်ငံထဲမှာတင် ပြီးခဲ့တဲ့ နှစ်ထဲ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူကုန်ကူးခံရသူတွေကို ကယ်တင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပြီး အများစုက ကရင်နဲ့ ရှမ်းပြည်နယ်တွေကနေ ဖြစ်တယ်ဆိုတာကိုလည်း INTERPOL ရဲ့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG