သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက လူမှောင်ခိုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဗြိတိန် ဒဏ်ခတ် အရေးယူ


တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသားတွေ ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်
တရားမဝင် နေထိုင်သူ တရုတ်နိုင်ငံသားတွေ ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူတွေကို မှောင်ခိုကူးပြီး Online ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအလုပ်စေခိုင်းမှုမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ လုပ်ငန်းတွေကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေပေါင်းပြီး ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ ရွေကုက္ကိုလ်မြို့သစ်က ကာစီနိုလောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးမှုမှာ ပါဝင်ပါတ်သက်နေတဲ့ လူပုဂ္ဂိုလ် ၉ ယောက်နဲ့ လုပ်ငန်း ၅ ခုကို ဒဏ်ခတ်အရေးယူလိုက်တယ်လို့ ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကရင် နယ်ခြားစောင့်တပ်အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူနဲ့ စီးပွားရေးသမား စောမင်းမင်းဦးနဲ့ She Zhijiang တို့ကို ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်အရေးယူလိုက်တာပါ။ ရွေကုက္ကိုလ်မြို့သစ်ဟာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက DKBA ထိန်းချုပ်နယ်မြေဖြစ်တခုဖြစ်ပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်က လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ မြန်မာအပါအဝင် အိမ်နီချင်းနိုင်ငံတွေက လူကုန်ကူးခံရသူ ထောင်နဲ့ချီရှိတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။ Online ငွေလိမ်ဂိုဏ်းတွေမှာ လိမ်ညာအလုပ်ခိုင်းခံရသူ မြန်မာတနိုင်ငံထဲကတင် လူပေါင်း ၁ သိန်း ၂ သောင်းထက်မနည်း ရှိတယ်လို့ ကုလသမဂ္ဂရဲ့အပြောကိုလည်း ဗြိတိန်အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးပဋိဉာဉ်မှာ ဗြိတိန်နိုင်ငံလက်မှတ်ရေးထိုးခဲ့တာ ၇၅ နှစ်ပြည့်အထိမ်းအမှတ်နဲ့ လူ့အခွင့်အရေးချိုးဖောက်နေသူတွေကို အရေးယူမှုတွေလုပ်တာဖြစ်ပါတယ်။

ကမ္ဘာတဝန်း သာမန်ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ချိုးဖောက်ခံနေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ အာဏာရှင်အစိုးရတွေကို ဆက်လက် ဖော်ထုတ်အရေးယူသွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG