သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ သန်းရာချီရှိတဲ့ အွန်လိုင်းလိမ်လည်မှုတွေ ဖော်ထုတ် နှိမ်နင်းနိုင်ခဲ့ (တရုတ်အစိုးရ)


 အွန်လိုင်းလိမ်လည်‌မှုတွေကို တရုတ်က နှိမ်နင်းနေ
အွန်လိုင်းလိမ်လည်‌မှုတွေကို တရုတ်က နှိမ်နင်းနေ

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုတွေ အပါအဝင် ဒေါ်လာသန်း ရာနဲ့ချီတဲ့ လိမ်လည်မှုတွေကို တရုတ်ရဲတွေက ဖော်ထုတ် နှိမ်နင်းနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဒီနေ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လူပေါင်း တသိန်းကျော်ပါဝင်တဲ့ အွန်လိုင်း လိမ်လည်မှုတွေကို တရုတ်ရဲတွေက ဒီနှစ်မှာ စတင်နှိမ်နင်းခဲ့တာပါ။ သံသယရှိသူပေါင်း ၃၁,၀၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေက နိုဝင်ဘာလတွင်းကပဲ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး အေဂျင်စီတွေဟာ ဒီနှစ်ထဲမှာ အမှုပေါင်း ၂၆၀ ကျော်ကို ဖြေရှင်းနိုင်ခဲ့ပြီး၊ ဒေါ်လာ သန်း ၂၁၀ တန် ကြေးရှိတဲ့ အတုအယောင် လုပ်ငန်းတွေကို ဖယ်ရှားနိုင်ခဲ့သလို၊ ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့ပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း တရုတ်အစိုးရပိုင် Xinhua သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီလိမ်လည်မှုတွေဟာ တခြားနိုင်ငံတွေမှာ အခြေစိုက်ပြီး၊ အွန်လိုင်းကို အသုံးပြုကာ လူအများကို လှည့်စားနေတဲ့ လုပ်ငန်းတွေ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး ပရောဂျက်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဒီလုပ်ငန်းတွေဟာ တရုတ်နိုင်ငံမှာ စီးပွားရေးကျဆင်းနေချိန် ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေစဉ်မှာပဲ အခုလို အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာအခြေစိုက်တဲ့ စင်ကာပူနိုင်ငံပိုင် Temasek Holdings ကုမ္ပဏီကို အကြောင်းပြပြီး လိမ်လည်မှုတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG