ကမ္ဘာကြီးမှာ အခု ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၇၅ သန်းတိုးလာခဲ့တယ်လို့ အမေရိကန် သန်းခေါင်စာရင်းဌာနက ပြောကြားလိုက်ပါတယ်။ ဒါကြောင့် နှစ်ဆန်း ၁ ရက်နေ့ကျရင် ကမ္ဘာ့လူဦးရေ သန်း ၈ ထောင်ကျော်ရှိနေမှာဖြစ်ပါတယ်။
အမေရိကန် သန်းခေါင်စာရင်းဌာန ထုတ်ပြန်တဲ့စာရင်းအရ အခုနှစ်အတွင်း ကမ္ဘာ့ လူဦးရေတိုးနှုန်းက ၁ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ လူဦးရေတိုးနှုန်းက ၀.၅၃ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့စာရင်းရဲ့ ထက်ဝက်လောက်ဖြစ်ပါတယ်။
အမေရိကန်မှာ စုစုပေါင်း ၁.၇ သန်းတိုးလာတာကြောင့် ၂၀၂၄ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ကျရင် အမေရိကန်လူဦးရေဟာ ၃၃၅.၈ သန်းရှိနေမှာဖြစ်ပါတယ်။
အခုလိုနှုန်းနဲ့ ဆက်သွားနေမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်တွေမှာ အမေရိကန်လူဦးရေးတိုးနှုန်းဟာ အမေရိကန်သမိုင်းမှာ အနှေးကွေးဆုံးဖြစ်မယ်လို့ သန်းခေါင်စာရင်းဌာနက ပြောပါတယ်။