သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်


ကော့ကရိတ် မြို့
ကော့ကရိတ် မြို့

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ၊ ပြည့်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီဇင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ တောင်ကြာအင်းကျေးရွာ ရဲစခန်းနဲ့ အထက စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက် သိမ်းယူခဲ့ပြီး စစ်ကောင်စီ တပ်သားတချို့ လက်နက်ချ အဖမ်းခံခဲ့တဲ့အကြောင်း ပူးပေါင်း တပ်ဖွဲ့တွေကဘက် ပြောပါတယ်။

အဲ့ဒီနေရာက စစ်ကောင်စီတပ်တွေကို လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိတဲ့အကြောင်းလည်း ပြောပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အနီးနားကျေးရွာတွေက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ကော့ကရိတ်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်တလျှောက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အဲ့ဒီနေရာတွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာဖို့ တရုတ်နိုင်ငံခြားရေး ဌာနက သတိပေးထားသလို၊ ပဋိပက္ခမှာ ပါဝင်နေသူတွေအနေနဲ့လည်း ထိခိုက်မှု နည်းစေမယ့် နည်းလမ်းနဲ့ ဖြေရှင်း ကိုင်တွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်နဲ့ AA ရခိုင့်တပ်တော် ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေး ၂ လကျော်လာတဲ့အထိ နေ့စဥ်ရက်မပြတ် တိုက်ခိုက်မှုတွေ ရှိနေပြီး စစ်ကောင်စီ အခြေစိုက်စခန်းတွေနဲ့ မြို့အတော်အများများကို သိမ်းယူထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG