သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်-မြဝတီလမ်းပေါ်က ပင်မတံတား မိုင်းခွဲဖျက်ဆီးခံရ

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက KNLA / PDF အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းပေါ်က ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်အသုံးပြုတဲ့ ကော့နွဲ ကျေးရွာထိပ်က တံတားတစ်စင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းပေါ်က ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်အသုံးပြုတဲ့ ကော့နွဲ ကျေးရွာထိပ်က တံတားတစ်စင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက KNLA / PDF အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။ ဒီလမ်းကြောင်းဟာ စစ်ကောင်စီအတွက် ဝင်ငွေရစေမယ့် အဓိက ကုန်စည် စီးဆင်းမှုလမ်းဖြစ်သလို စစ်အင်အား လက်နက်ရိက္ခာတွေအတွက် အသုံးပြုတဲ့လမ်း ဖြစ်တာကြောင့် အခုလို ဖျက်ဆီးလိုက်တာလို့ ပူးပေါင်းတပ်ဖွဲတွေ ကပြောပါတယ်။ ဒါပေမယ့် ဒီလို လမ်းပျက်စီးသွားတဲ့အတွက် ကုန်စည်စီးဆင်းမူတွေ နှောင့်နှေးပြီး ကုန်ဈေးနှုန်း ပိုတက်သွားနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထား ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွါးနေတာ သီတင်း ၂ ပတ် ကျော်ကြာဖြစ်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်အတွင်းမှာ ကော့ကရိတ်-မြဝတီ အာရှလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိတဲ့ ကော့နွဲကျေးရွာထိပ်က တံတားတစ်စင်းကို ဒီဇင်ဘာလ ၁၆ ရက် နေ့ညက KNLA /PDF အပါအဝင်ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ တပ်တွေအတွက် အင်အားမဖြည့် နိုင်အောင် လုပ်တာလို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။

"စစ်တပ်အတွက် အထောက်အကူဖြစ်စေတဲ့ ကုန်စည်စီးဆင်းမူ့တွေ၊ နောက် ဆီတွေ၊ စစ်လက်နက်တွေ၊ ရိက္ခာတွေ သွားနေတဲ့အတွက် ကျနော်တို့အဲဒါကို လုပ်လိုက်ရတာ ဖြစ်ပါတယ်။ အဲဒီလမ်းကနေ လေယာဉ်ဆီတွေ စက်သုံးဆီတွေ အဲဒါတွေ သွားနေတဲ့အတွက် အဲဒါကို လုပ်ရတာဖြစ်ပါတယ်၊ နောက်တခုက မြဝတီတပ်တွေ ဒေါနအရှေ့ခြမ်းက စစ်ကောင်စီတပ်တွေကို အင်အားဖြည့်တင်းဖို့က အဲဒီလမ်းကြောင်းကနေ အဓိကလာတာဖြစ်ပါတယ်"

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက KNLA / PDF အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းပေါ်က ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်အသုံးပြုတဲ့ ကော့နွဲ ကျေးရွာထိပ်က တံတားတစ်စင်း
ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက KNLA / PDF အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းပေါ်က ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်အသုံးပြုတဲ့ ကော့နွဲ ကျေးရွာထိပ်က တံတားတစ်စင်း

မနေ့ကစပြီး အဲဒီလမ်းကို ကုန်ကားတွေ ခရီးသွားကားတွေ သွားလာလို့မရတော့ပါဘူး။ ၂ပတ်ကျော်ကြာ တိုက်ပွဲတွေကြောင့်လည်း အဲဒီလမ်းကို ကုန်သည်တွေကရှောင်ပြီး လမ်းဟောင်းဖြစ်တဲ့ ထို့ကော်ကိုး မြေနီလမ်းကနေ ကုန်ပစည်းတွေ၊ ကားငယ်တွေ သွားလာနေကြတာပါ ။ အခုအခါမှာတော့ အဲဒီလမ်းက သွားလာလို့ မရတော့တဲ့အတွက် အခက်အခဲတွေ ပိုဖြစ်ကုန်ပြီး ကားခတွေ ဈေးကြီးလာနိုင်သလို ၊ ကုန်ပစ္စည်းတွေ လည်း ဈေးတက်နိုင်တယ်လို့ ကုန်သည်တဦးကပြောပြပါတယ်။

"ကော့ကရိတ်အဝင်တံတားပေါ့ အဲဒါဖြစ်တော့ အဲဒီလမ်းကို သွားလို့မရတော့ဘူး လေ တိုက်ပွဲလည်း ဆက်ဖြစ်နေတော့ သွားလည်းမသွာကြဘူး။ အဲဒီကနေ တံတားကျိုးတော့ သွားလည်း မရတော့ဘူး ပြင်ပြင်ပြီးမှ သွားလို့ရမှာပေါ့။ ကုန်စည်စီးဆင်းမူ့ကတော့ နှောင်နှေးသွားတယ် ကုန်ဈေးနှုံးတွေ တက်မယ် ကားခတွေ ဈေးကြီးသွားမယ် အကုန်လုံးတော့ ဒုက္ခရောက်တာပေါ့။ ဒေသခံတွေက မရှိတော့ဘူး။ မြို့ခံ တွေက အကုန် ရှောင်ပြေးကုန်ပြီ။ ကော့နွဲ့မှာကော ကောကရိတ်မှာကော အကုန်လုံးက ရှောင်ပြေးကုန်ပြီ"

၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဒီကော့ကရိတ်မြို့အဝင်က ကော့နွဲ တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရဖူးပြီး ဆိုးဆိုဝါးဝါး ပျက်စီးသွားတာ မရှိပေမယ့် အခုကတော့ ကားတွေသွားလာလို့ မရအောင်ပျက်စီးသွားတာလို့လည်း မြို့ခံတွေကဆိုပါတယ် ။

အခုဆိုရင် ကော့ကရိတ်မြို့ထဲမှာ ပူးပေါင်းတပ်ဖွဲတွေ ဘက်က နေရာ အတော်များများကို ထိမ်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီဘက်လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်ရှိနေတာကြောင့် ဒေသခံ လူထုကတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ် ။ အခုဆိုရင် ကော့ကရိတ်အပါအဝင် ကေအန်ယူ ထိမ်းချုပ်ရာ တပ်မဟာ(၆) နယ်မြေထဲမှာ စစ်ဘေးရှောင်က ၇ သောင်းထက်မနည်းတိုးလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG