သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် မြန်မာတချို့ ထိုင်းမှာ ယာဉ်မတော်တဆဖြစ်ပြီး အဖမ်းခံရ


တရားမဝင် မြန်မာတချို့ ထိုင်းမှာ ယာဉ်မတော်တဆဖြစ်ပြီး အဖမ်းခံရ
တရားမဝင် မြန်မာတချို့ ထိုင်းမှာ ယာဉ်မတော်တဆဖြစ်ပြီး အဖမ်းခံရ

တရားမဝင် မြန်မာတချို့ ထိုင်းမှာ ယာဉ်မတော်တဆဖြစ်ပြီး အဖမ်းခံရ

ထိုင်းတောင်ပိုင်း နကွန်စီဌာမရတ် ခရိုင်၊ ထုန့်ယိုင်မြို့နယ်ထဲမှာ ကား ၃ စီး ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက်တရားမဝင် မြန်မာနိုင်ငံသားတွေ သယ်ဆောင်လာတဲ့ ကားပေါ်က မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုန့်ယိုင် ရဲတပ်ဖဲွ့ကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဒီသတင်း ပေးပို့ထားပါတယ်။

နကွန်စီ ဌာမရတ် ခရိုင် ထုန့်ယိုင်မြို့နယ်ထဲက ဘန့်ကောင်ဟင်ရွာအနီး လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ဟိုင်းလက်ကားတစီးက ယဉ်မတော်တဆဖြစ်ပြီး လမ်းဘေးကို ထိုးကျသွားတဲ့အတွက် နောက်က လိုက်လာတဲ့ မြန်မာနိုင်ငံသားတွေပါတဲ့ ဗင်ကားတစီး အရှိန်လျော့ပြီး ရပ်လိုက်စဉ်မှာ ကုန်တင်ကားတစီးက နောက်ကနေ ဝင်တိုက်ခဲ့တာပါ။ အဲဒီယာဉ်တိုက်မှု ဖြစ်ချိန်မှာ ရဲတွေ မရောက်လာခင် ဗင်ကားပေါ်က မြန်မာတွေ ထွက်ပြေးတာကြောင့် အဖမ်းခံရတဲ့အကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။

" ထိုင်းနိုင်ငံတောင်ပိုင်း နကွန်စီဌာမရတ် ခရိုင်မှာ ဖြစ်တာပါ ၊ အခင်းဖြစ်တဲ့နေရာမှာ ဟိုင်းလက်ကားတစီးက လမ်းဘေးမှာ ထိုးကျနေတာပါ အဲဒီနောက်က ဒုတိယကားဖြစ်တဲ့ အဖြူရောင် မှန်လုံကား ဗင်ကားကတော့ နောက်က ကားက ဝင်တိုက်ခံရတာပါ၊ နောက်ကာ ကားတွေက ဝင်တိုက်တဲ့ပုံစံမျိုး တွေ့ရပါတယ် ၊ အလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရပါတယ်။ သူတို့က တရားမဝင် ဝင်ရောက်လာပြီး မတော်တဆ ယာဉ်တိမ်းမှောက်တဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။ "

ကုန်တင်ကားနဲ့ တိုက်မိချိန်မှာ ကူညီကယ်ဆယ်ဖို့အတွက် ရဲတွေနဲ့ ဒေသခံတွေ ရောက်လာချိန်မှာ မြန်မာတွေက ထွက်ပြေးတာေကြာင့် သင်္ကာမကင်းဖြစ်ပြီး ရဲတွေက လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ချိန်မှာဒဏ်ရာရသူတချို့ ရှိပေမယ့် မြန်မာတွေကတော့ တရားမဝင် ဝင်ရောက်လာတဲ့သူတွေ ဖြစ်တဲ့အတွက် အစစ်ဆေး မခံနိုင်ပဲ ထွက်ပြေးကြရတာဖြစ်တယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

" အခုဖြစ်စဉ်မှာ ကိုယ်တိုင်က တရားမဝင် ဝင်ရောက်လာပြီးတော့မှ ယာဉ်တိုက်မှုဖြစ်တော့ ထိခိုက်ဒဏ်ရာတွေရထားတယ်။ အဲဒီအချိန်မှာ ဆေးကုသဖို့ မစဉ်းစားဘူး။ ရဲတွေ လာရင် ငါတို့တော့ အဖမ်းခံရတော့မယ်ဆိုပြီး ကြောက်စိတ်နဲ့ တယောက်တပေါက်နဲ့ စိုးရိမ်ပြီး ထွက်ပြေးကြတာ။ နယ်မြေ မကျွမ်းကျင်တော့ အကုန်လုံး ပြန်ဖမ်းမိသွားကြတယ်။ "

တရားမဝင် မြန်မာအမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း မြန်မာ ၁၆ ဦး ဖမ်းမိတယ်လို့ ထိုင်းရဲတပ်ဖဲွ့ကပြောပါတယ်။ ဒဏ်ရာ အနည်းငယ် ရထားတဲ့ အသက် ၅၂ နှစ်ရွယ် ယာဉ်မောင်းဖြစ်တဲ့ နိုင်ဖိုးကျိုင်မန့်ကတော့ မြန်မာအလုပ်သမားတွေကို စူရတ်ဌာနီကနေ ဆုန်ခလာမြို့ကို ပို့ပေးဖို့ ပွဲစားက ဆက်သွယ်လာကြောင်း၊ ကားခ ကတော့ တဦးကို ဘတ် ၅၀၀ ပေးမယ်ဆိုလို့ သွားကြိုခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ဖမ်းမိတဲ့ မြန်မာအလုပ်မားတွေကို လဝက ဥပဒေနဲ့ အရေးယူဖို့ ထုန့်ယိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောသွားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းရောက်မြန်မာတွေပါတဲ့ ယာဉ်မတော်တဆမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အခု ဒီဇင်ဘာလ တလထဲမှာတင် ယာဉ်တိုက်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ယာဥ်တိုက်မှုတွေကြောင့် တနှစ်အတွင်း ထိုင်းရောက်မြန်မာ၂၀ ကျော် သေဆုံးခဲ့ရပြီး၊ မြန်မာ ၁၂၀ လောက် ဒဏ်ရာတွေရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG