သုံးရလွယ်ကူစေသည့် Link များ

ဓာတ်မြေသြဇာ သိုလှောင်ရုံပေါက်ကွဲမှုကြောင့် ထိုင်းရောက် မြန်မာ ၂ ဦးသေဆုံး


ဓာတ်မြေသြဇာ သိုလှောင်ရုံပေါက်ကွဲမှုကြောင့် ထိုင်းရောက် မြန်မာ ၂ ဦးသေဆုံး (နိုဝင်ဘာ ၂၈၊၂၀၂၃)
ဓာတ်မြေသြဇာ သိုလှောင်ရုံပေါက်ကွဲမှုကြောင့် ထိုင်းရောက် မြန်မာ ၂ ဦးသေဆုံး (နိုဝင်ဘာ ၂၈၊၂၀၂၃)

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖရအို မြို့နယ် အတွင်းက သစ်သီးခြံတခုအတွင်းမှာ သိုလှောင်ထားတဲ့ ပိုတက်ဆီယမ် ကရိုရိုတ် ဓါတ်မြေဩဇာ ဂိုဒေါင်ပေါက်ကွဲတာကြောင့် မြန်မာ ၂ ဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ဖရအို မြို့နယ် ထဲမှာ နိုဝင်ဘာ ၂၈ရက်နေ့ ညနေပိုင်းက သစ်သီးခြံတစ်ခုတွင်း ပိုတက်ဆီယမ် ကရိုရိုက် ဓာတ်မြေဩဇာတွေသိုလောင်ထားတဲ့ ဂိုဒေါင်တခု အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တာပါ ။ ဂိုဒေါင်အတွင်းက ဓါတုဆေးတွေ ဓါတ်ပြု ပေါက်ကွဲပြီး အိမ်တလုံး ကား ၂စီး မီးလောင်ပြီး မြန်မာ ၂ ဦးအပါအဝင်လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

ဓါတုဆေးတွေသိုလှောင်တဲ့ဂိုဒေါင်ပေါက်ကွဲပြီးတဲ့နောက် တာဝန်ရှိသူတွေရောက်သွားတော့ နေအိမ်တစ်ခုလုံးမီးလောင်သွားသလို အမျိုးသမီး ၂ဦးကလည်း ပွဲချင်းပြီးသေဆုံးနေတာတွေရတယ်လို ရဲတပ်ဖွဲ့ကပြောပါတယ်။ နောက်မြန်မာအမျိုးသားတဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရပြီးလူနာတင်ကားတွေနဲ့ဆေးရုံကိုခေါ်သွားပြီးမှသေဆုံးသွားခဲ့တာလို့ဆိုပါတယ် ။ပွဲချင်းပြီးသေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုတော့ မတွေ့ရတော့ပဲ သူတို့ရဲ့ခန္တာကိုယ်အပိုင်းအစတွေကလွင့်စင်သွားတယ်လို့ဆိုပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ် ဇီဝဗေဒ ဌာန ရဲ့တွဲဘက် ပါမောက္ခ Jesada Denduangboripha ကတော့အခုလိုပြောပါတယ်။

"ဒီဓါတုမြေဩဇာတွေကို စိုက်ပျိုးရေးသမားတွေက အသီးနဲ့အပွင့်တွေ ပို့ပွင့်လာအောင် သုံးစွဲလာကြတာပါ။ တခြားဓါတုဆေးတွေနဲ့ ရောနှောတဲ့အခါ အဲဒီ ဆေးဝါးတွေအနားမှာ ဆေးလိပ်သောက်လို့ မီးပွားကျလိုက်တာနဲ့ ပေါက်ကွဲသွားတတ်ပါတယ်။ ဒါကြောင့် ဒီမြေဩဇာကိုသုံးမယ်ဆိုရင် အန္တရယ် ကင်းအောင်ကိုင်တွယ်ပုံကိုလေ့လာပြီးမှာ စနစ်တကျ သုံးရမှာဖြစ်တယ်"

သေဆုံးသူ ၃ ဦးကတော့ ခြံပိုင်ရှင်ညီမဖြစ်သူနဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမား နန်းလိုင် အသက် (၃၄)နှစ်အရွယ် မြန်မာအလုပ်သမား စိုင်းအောင် တို့ဖြစ်ကြပါတယ် ။ သူတို့တွေဟာ သစ်သီးတွေအထွက်တိုးအောင်ဆေးဖျမ်းဖို့အတွက် အလေးချိန် ၂၅ ကီလိုဂရမ်ပါတဲ့ ပိုတက်ဆီယမ်ကလိုရိုက် ဓာတုဆေးတွေနဲ့ အလေးချိန် ၅၀ ကီလိုဂရမ်ပါတဲ့ ဓာတုဆေးတွေကို ရောပြီး သွန်ချလိုက်ချိန်မှာ ဓါတ်ပြုပေါက်ကွဲခဲ့တာလို့ ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ ခြံပိုင်ရှင်ကိုခေါ်ယူစစ်ဆေးရာမှာ သစ်သီးအပင်တွေကိုဆေးဖျန်းဖို့အတွက် နည်းနည်းချင်းစီဖော်စပ်အသုံးပြုရမှာဖြစ်ပေမဲ့ အလုပ်သမားတွေက ရောက်တာမကြာသေးလို့ မှားယွင်းဖော်စပ်မိတာဖြစ်နိုင်တယ်လို့ ထွက်ဆိုပါတယ် ။ခြံပိုင်ရှင်ကိုတော့ အန္တရာယ်ရှိတဲ့ဓါတုဆေးတွေသိုလှောင်ထားမှုတွေ လူသေဆုံးတဲ့အထိ လုပ်ငန်းခွင့်ပေါ့ဆမှု တရားမဝင်အလုပ်သမားတွေကိုခေါ်ထားမှုတွေနဲ့ အရေးယူဖို့ရှိနေတယ်လို့ရဲတပ်ဖွဲ့ ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG