သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ဒုကာကွယ်ရေးဝန်ကြီး တောင်ပိုင်းတပ်ဖွဲ့တွေနဲ့တွေ့ဆုံ


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့်သွားရောက်တွေ့ဆုံခဲ့စဥ်။ (ဓာတ်ပုံ NUG ကာကွယ်ရေးဝန်ကြီးဌာန)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့်သွားရောက်တွေ့ဆုံခဲ့စဥ်။ (ဓာတ်ပုံ NUG ကာကွယ်ရေးဝန်ကြီးဌာန)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နဲ့အဖွဲ့ဟာ တောင်းပိုင်းစစ်ဒေသမှာ စစ်ရေးအရှိန်မြှင့်ဖို့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းအခြေပြုလှုပ်ရှားနေတဲ့ တောင်ပိုင်းဒေသ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီရက်ပိုင်းမှာပဲ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့အဖွဲ့အစည်းတွေကို လက်နက်နဲ့ရိက္ခာတွေ ပိုမိုထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နဲ့အဖွဲ့ဟာ တောင်းပိုင်းစစ်ဒေသမှာ စစ်ရေးအရှိန်မြှင့်ဖို့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ တောင်ပိုင်းဒေသ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လာရောက်တွေ့ဆုံခဲ့ကြောင်း ဆွေးနွေးပွဲမှာပါဝင်တဲ့ ABSDF တပ်ရင်း (၁) က တာဝန်ရှိသူ ရဲဘော်သိန်းလွင်က အခုလိုပြောပါတယ်။

“အကြောင်းအရာကတော့ တောင်ပိုင်းဒေသမှာ စစ်ရေးအရ အရှိန်မြှင့်ဖို့အတွက်ပါပဲ။ ကျနော်တို့ဘက်မှာ ဘာတွေလိုအပ်နေသလဲဆိုတာတွေ၊ လိုအပ်တာတွေကို အမြန်ဆုံးဖြည့်တင်းပေးနိုင်ဖို့ အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့ လိုအပ်ချက်တွေကို မေးမြန်းပြီး အမြန်ဆုံး ဖြည့်တင်းပေးမယ်ပြောတယ်။ ကျနော်တို့ဆီမှာ အဖွဲ့အစည်းအသီးသီးရှိတယ်။ အဲဒီတော့ ဘာတွေ လိုအပ်သလဲဆိုတာတွေကို တဖွဲ့ချင်းစီရဲ့အချက်အလက်တွေစုပြီး အမြန်ဆုံးဖြည့်တင်းပေးမယ်။”

တွေ့ဆုံပွဲကို တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ဒေါန စစ်ကြောင်း၊ ABSDF တပ်ရင်း (၁) ၊ ရေးပြောက်ကျားတပ် (YGF) ၊ Ye Defense Force - YDF၊ Mon State Revolutions Organization-MSRO၊ နဲ့ Ye Air Force-YAF အဖွဲ့တွေလည်း ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာကိစ္စတွေကို တာဝန်ယူပေးတာတွေရှိခဲ့ပြီး နောက်ထပ်လည်း တာဝန်ယူပေးဖို့ အခုလို လာရောက်တွေ့ဆုံမေးမြန်းခဲ့တာလို့လည်း ဆိုပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ကို တိုက်ရိုက်ပေးနေတာတွေရှိပါတယ်။ အဲဒါတွေကတော့ အရေးပေါ် လစာငွေတွေ၊ ရိက္ခာတွေအတွက်ပေးတာတွေ ရှိတယ်။ လက်နက်တွေဆိုရင်လည်း လက်နက် အားနည်းတဲ့အဖွဲ့တွေကိုလည်း အချိုးကျထောက်ပံ့ပေးတာတွေလည်းရှိတယ်။”

အခုဆိုရင် တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေအတွင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ကော့ကရိတ်မြို့နယ်ထဲမှာတော့ တိုက်ပွဲတွေပြင်းထန်နေတာ ၂ ပတ်ကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဖြစ်တဲ့အတွက် ဒေသခံ ၇ သောင်းလောက်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး အခုထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ အဲဒီဒေသတွေမှာ ဆက်ပြီး စစ်ရေးအရှိန်မြှင့်ဖို့ရှိတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့လက်နက်ခဲယမ်းထောက်ပံ့မှုတွေ ဆက်လုပ်ပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG